Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ကျော်လွန်နေ၍ ဆည်အောက်ရွာများဘေးလွတ်ရာရွှေ့ပြောင်းရန် AA သတိပေး

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် သူဌေးချောင်းဆည်၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

သူဌေးချောင်းဆည်ရေမြင့်တက်နေသည်ကို ယနေ့ ဇူလိုင် ၂၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - AA

ရှိုင်း/People’s Spring

အာရက္ခတပ်တော်(AA)က အရေးပေါ် ရေဘေးအန္တရာယ် သတိပေးချက်ကို ယနေ့ နံနက်တွင် ထုတ်ပြန်ခဲ့ရာ သံတွဲမြို့နယ် သူဌေးချောင်းဆည်ရေစီးဆင်းရာ လမ်းကြောင်းရှိ ကျေးရွာများ နီးစပ်ရာ ကုန်းမြင့်နှင့် ရေဘေးလွတ်ရာသို့ အမြန် ချက်ချင်းရွှေ့ပြောင်းရန် သတိပေးထုတ်ပြန်သည်။

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် သူဌေးချောင်းဆည်၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သူဌေးချောင်းဆည်ရေမြင့်တက်နေသည်ကို ယနေ့ ဇူလိုင် ၂၇ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ – AA

ယနေ့နံနက် တိုင်းထွာချက်အရ သံတွဲမြို့ သူဌေးချောင်းဆည်သည် စိုးရိမ်ရေမှတ် (အနီရောင်အဆင့်)ကို ကျော်လွန်လာနေပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ရေဘေးလွတ်ရာ အမြန်ချက်ချင်း ရွှေပြောင်းရန် အရေးပေါ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အသိပေးသည်။

လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ရာ ယနေ့(ဇူလိုင် ၂၇ရက်)တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာ၍ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းလည်း AA၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီရက်ပိုင်းအတွင်း ကရင်မှာ မိုးသည်းပြီး တောင်ကျရေစီးဆင်းတာ ၊ သံလွင်မြစ် ၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲ့မြစ် ၊ ဇမိမြစ် ၊ သောင်းရင်းမြစ်ရေ မြင့်တက်နေတာပါ။

သတင်း

နမ့်ဖက်ကာတွင် KIAက ရဲစခန်းဖွင့်၊ ဆွမ်ပရာဘွမ်မြို့နယ်အား KIOအုပ်ချုပ်မည်ဟု ဒေသခံများကို ရှင်းပြ

သတင်း

မိုးဗြဲရေကာကာမှရေများလွတ်လိုက်၍ ဆည်အောက်ဘက်ရှိ မိုးဗြဲမြို့ ရပ်ကွက်အချို့နှင့် လယ်ကွက်ထဲတွင် စစ်ဘေးရှောင်ရင်း လယ်ယာလုပ်ကိုင်စာသောက်နေကြသော စစ်ဘေးရှောင်ပြည်သူအချို့မှာ လယ်ယာ၊ တဲ၊ ငါးကန် များနှစ်မြုပ်ခဲ့ရာ စစ်ဘေးရှောင်များ ထောင်ချီ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ထပ်မံပြောင်းရွှေ့နေရ ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်သည်။

သတင်း

ယမန်နေ့(ဇူလိုင် ၂၅ရက်) နံနက်အစောပိုင်းမှစ၍ မိုးဗြဲရေကာတာ ရေတံခါးအားဖွင့်ချခဲ့ရာ ၂၄နာရီအတွင်း ဘီလူးချောင်းရေမှာ (၈)ပေအထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။