Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တကောင်းတောင်ပေါ်ရှိ ရဲကင်းအား PDF များ တိုက်ခိုက်သိမ်းပိုက်ပြီး သေနတ် ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရ

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းအားဇူလိုင်၂၅ရက်တွင် အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃)အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ ရဲကင်းအား ဒေသကာကွယ်ရေးအဖွဲ့များက စီးနင်းသိမ်းပိုက်ခဲ့ရာ သေနတ် ၁၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ယနေ့(ဇူလိုင်၂၇ရက်)တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းအားဇူလိုင်၂၅ရက်တွင် အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃)အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၂လက်၊ ခြောက်လုံးပြူး တစ်လက်၊ ကျည်အိမ် (၂၈) ခုနှင့် ကျည်မျိုးစုံ ၁,၀၀၀ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိသေးပေ။

သပိတ်ကျင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီး ဇူလိုင် ၂၅ရက်ကပင် တွင်းငယ် ရဲစခန်းကို KIA ၊ KPDF နှင့်ABSDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာလက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိထားသည်။

အလားတူ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးစခန်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၇ဦးထက်မနည်း သေဆုံးကာ နေအိမ် ၅၀ကျော် ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

Fact-Check

ဇူလိုင် ၂၇ ရက်၊ ၂၀၂၄ မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေကိုသိမ်းပြီးတဲ့နောက် မြိုခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပုံတွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား အုံးအုံးထနေချိန်မှာပဲ မြို့သိမ်းရာမှာပါ ဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်တွေကို အစုလိုက်ရှင်းလင်းလိုက်နိုင်တယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Khon Sia...

သတင်း

သပိတ်ကျင်းတွင် PDF သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်း သုံးခုရှိလာ ဟန်နွေ၊မိထက်၊ဇေအောင်/People’s Spring မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဇူလိုင်၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။ ရဲအုပ်(စခန်းမှူး) ကျော်ဝဏ္ဏထွန်းဦးစီးပြီး ရဲအင်အား (၉)ဦးရှိသော...

သတင်း

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

နမ့်ဖက်ကာတွင် KIAက ရဲစခန်းဖွင့်၊ ဆွမ်ပရာဘွမ်မြို့နယ်အား KIOအုပ်ချုပ်မည်ဟု ဒေသခံများကို ရှင်းပြ