Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက် ခမရ(၄၃၇)တပ်ရင်းသိမ်းပိုက်နိုင်ရေး AA၊PDF၊ KPDFတို့နှင့်အတူ တိုက်ခိုက်နေဟု KIA အသိပေး

နမ့်ဖက်ကာတွင် KIAက ရဲစခန်းဖွင့်၊ ဆွမ်ပရာဘွမ်မြို့နယ်အား KIOအုပ်ချုပ်မည်ဟု ဒေသခံများကို ရှင်းပြ

ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- KNG

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့၌ ကျန်နေသည့် ခမရ(၄၃၇)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA၊ အာရက္ခတပ်တော်(AA)၊ PDF၊ KPDF ပူးပေါင်းတပ်ဖွဲ့များသည် မိုးမောက်မြို့၌တပ်စွဲထားသည့် ခမရ(၄၃၇)ကို ဇူလိုင် ၂၄ရက် နံနက်ကပြန်လည်ထိုးစစ်ဆင်လျက်ရှိကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇူလိုင် ၂၅ ရက် ည ၆နာရီခွဲတွင် စစ်ကောင်စီ ခလရ(၄၇) တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ(၄၇) တပ်စခန်းမှ လက်နက်နှင့်စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။ ခလရ(၄၇)တပ်စခန်းသည် မံစီမြို့နယ်တွင်တည်ရှိသည်။

KIAသည် မံစီနှင့်မိုးမောက်မြို့များကို ထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများသိမ်းပိုက်နိုင်ရေးကြိုးစားနေခြင်းဖြစ်သည်။

KIA သတင်းပြန်ကြားရေးဌာန၏ ဇူလိုင် ၂၆ရက် သတင်းဖော်ပြချက်တွင် ရှမ်းမြောက် ကွတ်ခိုင် မြို့နယ် နမ့်ဖက်ကာဒေသ၌ KIO အစိုးရ ရဲစခန်း ဖွင့်လှစ်မှု၊ ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ်ကို KIO အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်ရန် ဒေသခံများအား အသိပေးမှု ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

နမ့်ဖက်ကာ ရဲစခန်းဖွင့်လှစ်ရန် ဖေဖော်ဝါရီကတည်းက တပ်စခန်းချ နေရာပြင်ဆင်နေပြီး ဇူလိုင် ၂၆ရက်တွင် ရဲစခန်း ရုံးဖွင့်ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရဲစခန်းဖွင့်လှစ်ခြင်းသည် နမ့်ဖက်ကာဒေသ ပြည်သူများ၏ လုံခြုံရေးနှင့် တရားမျှတမှု ရရှိရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင်လည်း KIO အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားဖြင့် အုပ်ချုပ်တော့မည်ဟုဒေသခံ ပြည်သူများကို ရှင်းလင်းတင်ပြသည့် အစီအစဉ်ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြသည်။

ဆွမ်ပရာဘွမ်ပြည်သူများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး များကြောင့် အခက်အခဲအမျိုးမျိုး ကြုံနေရသော်လည်း စည်းလုံးစွာ နေထိုင်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို PDFများကထိုးစစ်ဆင် တိုက်ခိုက်စဥ် လချီပိတ်ထားသော ကလေးဝ- မဟာမြိုင်လမ်းကို စခန်းသိမ်းပြီးဖြစ်၍ မနက်ဖြန်မှစ၍ ပြန်လည်သွားလာခွင့်ပြုမည်ဟု သတင်းရရှိသည်။

သတင်း

​အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ​၏ နေအိမ်များအား PDFက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၅ရက်) ည ၁၁နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ၊ ကင်မွန်ချောင်ကျေးရွာမှ ပျူစောထီးမြတ်နိုးဆိုသူအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဓါးရှည် တစ်လက် ၊ ဂတ်စ်သေနတ်...

သတင်း

မိုးဗြဲရေကာကာမှရေများလွတ်လိုက်၍ ဆည်အောက်ဘက်ရှိ မိုးဗြဲမြို့ ရပ်ကွက်အချို့နှင့် လယ်ကွက်ထဲတွင် စစ်ဘေးရှောင်ရင်း လယ်ယာလုပ်ကိုင်စာသောက်နေကြသော စစ်ဘေးရှောင်ပြည်သူအချို့မှာ လယ်ယာ၊ တဲ၊ ငါးကန် များနှစ်မြုပ်ခဲ့ရာ စစ်ဘေးရှောင်များ ထောင်ချီ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ထပ်မံပြောင်းရွှေ့နေရ ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်သည်။