Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းရှိ တွင်းငယ်နှင့် တကောင်းတောင်ပေါ် ရဲစခန်းသိမ်းပိုက်မှု အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ
သပိတ်ကျင်းတွင် PDF သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်း သုံးခုရှိလာ

ဟန်နွေ၊မိထက်၊ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဇူလိုင်၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ရဲအုပ်(စခန်းမှူး) ကျော်ဝဏ္ဏထွန်းဦးစီးပြီး ရဲအင်အား (၉)ဦးရှိသော တွင်းငယ်ရွာရဲစခန်းအား မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲ၍ အမှတ် (၅၀၉)တပ်ရင်း၊ ကချင်လွတ်လပ်ရေးတအ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က ယနေ့ (ဇူလိုင်၂၇ရက်)နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နှစ်ဦး ဖမ်းဆီးရမိ၊နှစ်ဦး ပျောက်ဆုံးနေကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

“တွင်းငယ်ရဲစခန်းရပါပြီ။ ဒီစခန်းက မိုးမိတ်-မန္တလေးလမ်းပိုင်းမှာရှိတဲ့ အခိုင်အမာတပ်ပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စခန်းသိမ်းပိုက်မှုမှ လက်နက်ငယ် (၉)လက်၊ ကျည်မျိုးစုံ ၁၁၀၃တောင့်၊ လက်ပစ်ဗုံး (၅)လုံး၊ ကျည်အိမ် (၁၉)ခု၊ Equipment (၅)ခုနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ကို အမှတ် (၁) စစ်ဒေသရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇူလိုင် ၂၅ရက် နံနက်ပိုင်းကလည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့ဝင်ရောက်စီးနင်းသိမ်းပိုက်ရာ ရန်သူ့ထံမှ လက်နက်ငယ် ၁၃လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ ကျည်အိမ် ၂၈ခု သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။

ဇူလိုင်၂၁ရက်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်/တကောင်းတိုက် နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၈) ဦးသေဆုံးပြီး ဒုအရာဗိုလ်အပါအဝင် (၈) ဦး ဖမ်းဆီးရမိ၍ လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ ၃,၃၇၉တောင့်၊ လက်ပစ်ဗုံး (၄)လုံး၊ ရှေ့ထွက်မိုင်း တစ်လုံးနှင့် ကျည်အိမ် (၉၉)ခု သိမ်းဆည်းရမိခဲ့သည်။

အလားတူ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးစခန်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေငခံပြည်သူ ခုနစ်ဦးထက်မနည်းသေဆုံးကာ နေအိမ် ၅၀ကျော်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းအားဇူလိုင်၂၅ရက်တွင် အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃)အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

သတင်း

သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင်စီတပ်က Y-12 ဗုံးကျဲလေယာဉ်ဖြင့်(၂၆)ကြိမ်၊ Mi-35 ဖြင့်(၁၄)ကြိမ်၊ Jet Fighter ဖြင့် (၁၁)ကြိမ်ဗုံးကြဲမှုများ လုပ်‌ဆောင်ခဲ့ကြောင်း သပိတ်ကျင်းနယ်အခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၆ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

အဆိုပါရဲစခန်းကို KIA၊ KPDFနှင့် ကျောင်းသားတပ်မတော်(ABSDF)ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရှစ်ဦးဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည့်။