Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၁ အာဏာသိမ်းကာလအစောပိုင်းက ရေစကြိုမြို့တွင် အေးချမ်းစွာ ဆန္ဒပြနေသည့်ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်လိုက်လံဖြိုခွင်းခဲ့စဥ်။ ဓာတ်ပုံ - CJ

​ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၅ရက်က ရေစကြိုမြို့ပြည်သူ့ဆေးရုံရှေ့တွင် ဆိုင်ကယ်စီးကာ ဖြတ်သန်းလာသော အမှတ်(၈)၊ ဇေယျဝတီရပ်နေ အသက် (၂၃) နှစ်အရွယ် ကိုကုလားလေးဆိုသူအား ဦးထုပ်မဆောင်းဟုဆိုကာ ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ ကုလားလေးဆိုသူမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Info Committee Yesagyo)က ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးရိုက်နှက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

“အများအားဖြင့်တော့ ပိုက်ဆံ ၂သောင်း ၃သောင်းတောင်းတာ။ ရိုက်တာနှက်တာက တော့ သုံးလေးကြိမ်ရှိတယ်။”ဟု Info Committee Yesagyo၏ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူကုလားလေးမှာ အိမ်ထောင်သည် ဖြစ်ပြီး ဇနီးသည်နှင့် ကလေး (၂) ဦးကျန်ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၈ရက်ကလည်း အမှတ် (၁)ထင်းတန်းရပ်တွင် မိခင်အားလာရောက်ဖမ်း​ဆီးချိန် မတွေ့၍ သားဖြစ်သူ အသက် (၁၅) နှစ်အရွယ် မောင်ဝဏ္ဏကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ရက်အကြာတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကာ အလောင်းကို အိမ်ပြန်ပို့ပေးခဲ့​သေးသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးနှိိပ်စက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၌ စစ်ကောင်စီလှည့်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God's Hand Forces(GHF) အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မှ လက်နက်ချခြင်းထက် ကြိုတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသင့်ကြောင်း CDMအရာရှိတို့က တိုက်တွန်းသည်။

သတင်း

ယနေ့(ဇူလိုင်၂၉ရက်)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေယာဥ်(၄)စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် နံနက် ၈နာရီခွဲက စဥ့်ကူးမြို့အနီးရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Voice of Wetlet Madayar အဖွဲ့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား ယနေ့ (ဇူလိုင် ၃၈ရက်)နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။