Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့ကို စစ်ကောင်စီရေတပ် ထပ်မံတိုက်ခိုက်နေ

ယနေ့(ဇူလိုင်၂၉ရက်)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေယာဥ်(၄)စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် နံနက် ၈နာရီခွဲက စဥ့်ကူးမြို့အနီးရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Voice of Wetlet Madayar အဖွဲ့က ပြောသည်။

စဥ့်ကူးမြို့သို့ဆန်တက်လာသော စစ်ကောင်စီရေယာဥ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-The voice of wetlet madayar

ဇေအောင်/People’s Spring

မန္တလေး PDF ပူးပေါင်းတပ် သိမ်းပိုက်ထားသော စဉ့်ကူးမြို့ကို စစ်ကောင်စီ​၏ ရေတပ်က ယနေ့နံနက်တွင် ရေကြောင်းမှလာရောက်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင်၂၉ရက်)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေယာဥ်(၄)စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် နံနက် ၈နာရီခွဲက စဥ့်ကူးမြို့အနီးရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Voice of Wetlet Madayar အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အင်အားကတော့ များမယ်။ စဥ့်ကူးနဲ့ လက် ပန်လှ ထိုးစစ်ဆင်မယ်ကြားနေတာပဲ”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိခိုက်ပျက်စီးမှုနှင့် တိုက်ပွဲအခြေအနေကိုမူ မသိရသေးပေ။

စဉ့်ကူးမြို့အား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် (၃)ရက်အကြာ ဇူလိုင် ၂၀ ရက်တွင် စစ်ကောင်စီက သင်္ဘော ၅စီးဖြင့် မြစ်ကြောင်းမှတဆင့်တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။

သို့သော် စစ်ကောင်စီရေတပ် အထိနာပြီး ဆုတ်ခွာသွားခဲ့ကြောင်း မန္တလေး PDFက အသိပေးထားသည်။

ယနေ့နံနက်ပိုင်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ် ဆင်မှုအခြေအနေနှင့်ပတ်သတ်၍ မန္တလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်အား ဆက်သွယ်မေးမြန်းထားပြီး လက်တလော ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စဉ့်ကူးမြို့ နယ်မြေလုံခြုံရေးနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ထားကြောင်း မန္တလေး PDFက ဇူလိုင် ၂၇ရက်တွင် ထပ်မံအသိပေးထားသည်။

အလားတူ ရွှေဘို​မြို့နယ်၊ ကျောက်မြောင်းတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် နေ၍ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မှ လက်နက်ချခြင်းထက် ကြိုတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသင့်ကြောင်း CDMအရာရှိတို့က တိုက်တွန်းသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား ယနေ့ (ဇူလိုင် ၃၈ရက်)နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

အတွေးအမြင်

ဒီပ/People’s Spring တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ကျော်က စစ်တပ်စခန်းတွေကိုထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက် သမိုင်းမှာ ပထမဆုံးအကြိမ် စစ်ကာင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကိုပါ သိမ်းပိုက်နေတာကိုမြင်တွေ့နေကြရပြီဖြစ်ပါတယ် ။ စစ်တပ်သမိုင်းမှာ တိုင်းစစ်ဌာနချုပ် ဆုံးရှုံးခဲ့ရတာမျိုးမရှိခဲ့ဖူးပေမယ့် နွေဦးတော်လှန်ရေးမှာတော့ မကြုံဖူးတဲ့ အရှုံးရဲ့အရသာကို အာဏာလုစစ်အုပ်စု ခံစားနေကြရပါပြီ ။၁၉၆၂ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တိုင်းပြည်ရဲ့...