Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်လေးပင်ခရိုင်ဒေသခံများ စစ်ဘေးဒဏ် အပြင် ရေဘေးပါကြုံနေရပြီး အကူအညီများ လိုအပ်နေဟု KNUအသိပေး

ခလယ်လွီထူခရိုင်အတွင်း ရေးဘေးသင့်ခဲ့ရသော နေရာနှင့် ပြည်သူလူထုများ၏ အခြေအနေ။ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံ ပြည်သူများသည် စစ်ဘေးဒဏ်အပြင် ရေဘေးအန္တရာယ်ပါ ရင်ဆိုင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

တိုက်ပွဲများ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ရင်ဆိုင်နေပြီး စစ်ရှောင် သိန်းချီရှိနေသည့် ညောင်လေးပင်ခရိုင် မူး(မုန်း)၊ လယ်ဒို(ကျောက်ကြီး)၊ ဆောထိ(ရွှေကျင်)မြို့နယ်များအတွင်း ဇူလိုင် ၂၅ရက်မှစ၍ ရေကြီး၊ရေလျှံမှုများ ကြုံနေရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မြစ်ချောင်းများမှ ရေကြီး၊ ရေလျှံ မှုကြောင့် ကျေးရွာတွင်းရှိနေအိမ်များ ရေမြှုပ်ခဲ့ရပြီး သိုလှောင်ထားသော ဆန်၊စပါးများနှင့် ထင်း မီးသွေးများ ရေစိုပျက်စီးခြင်းကြောင့် အစားအစာနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲကြုံနေရခြင်း၊ ကျွဲ၊နွားတိရိစ္ဆာန်များ သေဆုံးခြင်းနှင့်နေစရာမရှိခြင်းများ ရှိခဲ့သည်ဟုဆိုသည်။

လမ်းတံတားများ၊ ရေတမံများ ကြိုးကျပျက်စီးခြင်းကြောင့် ကျေးရွာတွင်းသို့ ရေများအရှိန်အဟုန်ဖြင့် လွှမ်းမိုးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ စာသင်ကျောင်းများ ပိတ်ပင်ရခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့် ကျန်းမာရေးကုသမှုမရရှိခြင်းနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဖော်ပြသည်။

ကျောက်ကြီး(လယ်ဒို)မြို့နယ်အတွင်း ကျေးရွာပေါင်း (၄၁)ရွာမှ ပြည်သူလူထု တစ်သေင်းရှစ်ထောင်ကျော်ရေဘေးသင့်နေပြီး ၎င်းတို့ အတွက် အရေးပေါ်လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျှက်ရှိကြောင်း ထုတ်ပြန်သည်။

မုန်းမြို့နယ်တွင်လည်း ရေနစ်မြှုပ်သည့်ကျေးရွာ စုစုပေါင်း ၅၇ ရွာရှိပြီး ဇူလိုင် ၂၅ရက်တွင် ရေကြီးရေလျှံမှုကြောင့် မြောင်းဦးကျေးရွာမှ (၄)နှစ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တွင် ဇူလိုင် ၂၁ရက်မှ ယနေ့အချိန်အထိ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းရှိ ကျေးရွာများ ရေဘေးသင့်ခဲ့ရသည်ဟု ဆိုသည်။

ဇူလိုင် ၂၇ရက် နံနက်တွင် တောကြောင်ပေါက်ကျေးရွာမှ စစ်တောင်းမြစ် ရေတမံကြိုးမှုကြောင့် ရေများအရှိန်ဖြင့် တောကြောင်ပေါက်ကျေးရွာတွင်းသို့ ဝင်လာကာ နေအိမ်များ ရေနစ်မြှုပ်ခဲ့ရသည်ဟု ဆိုသည်။

ရွှေကျင်(ဆောထိ)မြို့နယ်တွင် ကျေးရွာစုစုပေါင်း ၃၂ရွာရှိသည့်အနက် ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာ စသည့်ကျေးရွာများသည် ရေဘေးဒဏ်နှင့် စစ်ဘေးဒဏ်ပါ ကြုံတွေ့နေရသည့်အတွက် အသက်ဘေးလွတ်ရာသို့ ခိုလှုံနေရကြောင်း အသိပေးသည်။

ဇူလိုင် ၂၃ရက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရေဖြူကန်ကျေးရွာမှနေ၍ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူ ကျေးရွာတွင် လက်နက်ကြီးများ ပစ်ခတ်လျှက်ရှိသောကြောင့် ချုံအင်းကျေးရွာမှ (၃၃)နှစ်ရှိ နော်ဆဲလာဖော လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိသည့်အပြင် ကောက်မယ့်သူကျေးရွာမှ (၂၁)နှစ်ရှိ နော်မီးမီးဆိမှ လက်နက်ကြီးစထိမှန်သေဆုံးခဲ့ရသည် ထုတ်ပြန်သည်။

နေအိမ်များရေနစ်မြှုပ်ခြင်းနှင့် ကျွဲနွားတိရိစ္ဆာန်များ သေဆုံးရသည့် အရည်အတွက်စာရင်းများကိုကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)အတွင်းရှိ ရေဘေးသင့် ပြည်သူလူထုများအတွက် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်လျှက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အရှည် ၇ ပေခန့်ရှိ မိကျောင်းသည် ဇူလိုင်လ ၂၈ရက် နေ့လည်ပိုင်းတွင် ဘိုကလေးမြို့နယ် အနောက်ပိုင်းကျေးရွာတခုရှိ လယ်ကွင်းအတွင်း ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။

သတင်း

မိုးသည်းထန်စွာရွာသွန်းနေပြီး သံလွင်မြစ်ရေကြီးလာခြင်းကြောင့် ဇူလိုင်(၂၅)ရက်မှစ၍ ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကြောင့် ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-မော်လမြိုင်လမ်း၊ ဘားအံ-သထုံးကားလမ်းတို့တွင် ယာဉ်ငယ်များ သွားလာလို့မရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် သူဌေးချောင်းဆည်၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

သတင်း

ဒီရက်ပိုင်းအတွင်း ကရင်မှာ မိုးသည်းပြီး တောင်ကျရေစီးဆင်းတာ ၊ သံလွင်မြစ် ၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲ့မြစ် ၊ ဇမိမြစ် ၊ သောင်းရင်းမြစ်ရေ မြင့်တက်နေတာပါ။