Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွမ်းတစ်ပိဿာ ကျပ်ငါးသောင်းကျော် ဈေးပေါက်

မြန်မာ​ဆေး ကွမ်းတစ်ယာ ၁၀၀ ကျပ် ၊ ဆေးမွှေး(92/ဘုရင်မ) ကျပ်၅၀၀ ဖိုး ၃ယာအထိ​ဈေးတက်

မရှိမဖြစ်စား​သောက်ကုန်မဟုတ်​သော်လည်း ပြည်တွင်း၌ ကွမ်းစားသုံးမှု မြင့်မား​နေဆဲဖြစ်သည်။ ဓါတ်ပုံ- People's Spring

ရောင်နီ / People’s Spring

ကွမ်းရွက်အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းတွင် ရေကြီးနေသောကြောင့် ကွမ်းရွက် တစ်ပိဿာကျပ်ငါးသောင်းကျော်အထိ စံချိန်တင်မြင့်တတ်နေကြောင်း ကွမ်းယာရောင်းချသူများကပြောသည်။

“ဒီရက်ထဲမှာ ဆက်တိုက်တတ်နေတာ နှစ်သောင်းရှစ်ထောင်ကနေ တစ်ပတ်လောက်အတွင်းမှာ ငါးသောင်းကျော်သွားတာ။ ဒီနေ့ဆို ငါးသောင်းနှစ်ထောင်အထိဝယ်ရတယ်” ဟု ရန်ကုန်မြို့မှ ကွမ်းယာရောင်းချသူတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြန်မာဆေး နှင့် ကွမ်းတစ်ယာ ၁၀၀ ကျပ်နှုန်းရောင်းချနေရပြီးဆေးမွှေး(92/ဘုရင်မ)များနှင့် စားပါက ငါးရာဖိုး ကွမ်း ၃ယာသာ‌ရတော့ကြောင်း ၎င်းကဆက်​ပြောသည်။

“ကွမ်း ၁၅၀၀ ဖိုးဝယ်တာ ။ ကိုးရာပဲရတော့တယ်။ဒီ့ထက်ဈေးတတ်ရင်တော့ ကွမ်းဖြတ်ရတော့မယ်။” ဟု ကွမ်းစားသူတဦးကပြောသည်။

ကွမ်းရွက်ဈေးများသာမက ကွမ်းသီး ၊ ဆေး ဈေးများလည်း အနည်းငယ်တတ်သောကြောင့် ကွမ်းယာအရေအတွက်လျော့ချရခြင်းဖြစ်သည်ဟု ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“အာဏာမသိမ်းခင်ကဆို ငါးရာဖိုးကို မြန်မာဆေးနဲ့က ၁၅ ယာလောက်ရတာ။ အခုတော့ ငါးယာပဲရတော့တယ်။ ဆေးမွှေးနဲ့က ၁၂ ယာ အခုက သုံးယာ ” ဟု ၎င်းကအာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်၍ပြောသည်။ ထို​ကြောင့် စစ်တပ်အာဏာမသိမ်းခင်ကနှင့် နှိုင်းယှဥ်လျင် အခြားကုန်​​ဈေးနှုန်းများကဲ့သို့ပင်အနည်းဆုံး ​ဈေး ၂ ဆ တက်ခဲ့ခြင်းဖြစ်သည်။

ကွမ်းရွက်ဈေးထပ်မံတတ်ပါက မရောင်းပဲဆိုင်ပိတ်ထားရမည်ဟု ကွမ်းယာ​ရောင်းသူတဦးက​ပြောသည်။

ယခင်ကလည်း ကွမ်းရွက်ဈေးကြီးမြင့်မှုကြုံဖူးသော်လည်း တစ်ပိဿာ သုံးသောင်းကျော်အထိသာအများဆုံး​​ဈေးတက်ခဲ့ကြောင်း ကွမ်းဆိုင်ပိုင်ရှင်များကပြောသည်။

ဆက်စပ်သတင်းများ