Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သမဝါယမစနစ်ကို ပြန်ကျင့်သုံးမည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်ဆိုပြန်

အာဏာသိမ်း​ခေါင်း​ဆောင်ကို ဇူလိုင် ၃၀ ရက်က ​နေပြည်​တော်တွင်​တွေ့ရစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ

ရဲခေါင်/ People’s Spring

စီးပွားရေးဖွံ့ဖြိုးရန် သမဝါယမစနစ် ကို ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းကပြောသည်။

စစ်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့ပြီး ပြည်သူလူထု ပိုမိုဆင်းရဲကြပ်တည်းကာ မအောင်မြင်ခဲ့​သော သမဝါယမစနစ်သည်သာ နိုင်ငံ၏လက်ရှိအခြေအနေအရ အသင့်လျော်ဆုံးဖြစ်ကြောင်း ယမန်နေ့(ဇူလိုင် ၂၉ ရက်) က နေပြည်တော်အစည်း အဝေးတွင် အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​ပြောသည်။

Public Service Announcement

Public Service Announcement

သမဝါယမအသင်း​ဖြင့်ဖွဲ့စည်းမည့် စိုက်ပျိုးရေး၊မွေး မြူရေးနှင့် ထုတ်ကုန်လုပ်ငန်းများကို အရင်းအနှီး၊နည်းပညာနှင့်အခြားလိုအပ်မှုတို့ကို ထောက်ပံ့မည်ဟု ၎င်းကဆိုသည်။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် သမဝါယမဝန်ကြီး ဌာနကို ဖျက် သိမ်းခဲ့သော်လည်း အာဏာသိမ်းစစ်အုပ်စုက ပြန်လည်ဖွဲ့စည်းခဲ့သည်။

ခေတ်နောက်ပြန်ဆွဲမည့် သမဝါယမစနစ်ကို စစ်တပ်ထောက်ခံသူများပင် မလိုလားကြောင်း ပြောဆိုသည်။

“ဦးနေဝင်းလက်ထက်ကစလို့ သမစနစ် ဆိုတာ အပေါ်က ဝါးအောက်က ငတ်ဖြစ်ခဲ့ရပါတယ်။ဝိုင်းလုပ်ဝိုင်း စားတော့ မဟုတ်ဘူး။ဝိုင်းလုပ် ဝိုင်းခိုး”ဟု စစ်တပ် နှင့် ဆက်နွယ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်းစားအုန်းဆီဝယ်ယူရန်ကိုပင် အိမ်ထောင်စုစာရင်းပြရသည့် အခြေအနေတွင် အချို့သည် စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ကြီးအချို့ကို လာဘ်ငွေပေးဝယ်​နေကြသည်။

“မဆလ ခေတ် ကတည်းကနေ စခဲ့တဲ့ သမဝါယမ စနစ် ဆိုတာ သာတူညီမျှအားစိုက်ပြီးရလာတဲ့ အကျိုး အမြတ်ကို ခွဲတမ်းယူရ တာပေါ့။ခွဲတမ်းဆိုတာလည်း အာဏာရှိတဲ့သူက ခွဲခြမ်း ပေးတာပါပဲ။ဗဟိုဦးစီးစနစ်နဲ့ မတိမ်မယိမ်းပဲ။ဘယ် စစ် အစိုးရမှလည်းအောင်မြင်အောင်လုပ်နိုင်ခဲ့တာ မဟုတ်ဘူး။အကုန်လုံးက အဂတိတရားမှ မကင်းတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်အစိုးရအဆက်ဆက်တွင် သမဝါယမစနစ်ကျင့်သုံးပြီး အဂတိထူ​​ပြောကာ စီမံခန့်ခွဲမှုအမှားများ​ကြောင့် လူသုံးကုန် ၊အိမ်သုံးကုန်ပစ္စည်းများရှားပါးပြတ်လပ်ပြီး ပစ္စည်းတစ်ခုရရန် သမဆိုင်များတွင် အချိန်​ပေးတန်းစီရ​သောအ​ခြေအ​နေဖြစ်ခဲ့သည်။အချိန်​ပေးတန်စီ​သော်လည်း ခွဲတမ်းစနစ်ဖြင့် ဖြစ်​သောလည်း ပြည်သူများဝယ်လိုသလိုဝယ်မရဘဲ

ပြည်သူလူထု ဆင်းရဲကြပ်တည်းမှု ကြီးမားခဲ့​သောကာလများဖြစ်သည်။ စစ်​ကောင်စီက အာဏာသိမ်းပြီး ၃ နှစ်​ကျော်မှာပင် စားအုန်းဆီ ၊ဆန် ၊စက်သုံးဆီ စ​သောအ​ရေးကြီးကုန်စည်များကို ရှားပါးပြတ်လပ်​အောင် ပြုလုပ်​နေပြီဖြစ်သည်၊

ကမ္ဘာ့ဘဏ်၏ ယခုနှစ် ခြောက်လပတ် အစီရင်ခံစာအရ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း မြန်မာ နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနှစ်သန်းတိုးလာသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများ ထွက်ခွာခြင်း၊ ပို့ကုန်သွင်းကုန် ကျဆင်းခြင်း၊ကုန်ထုတ်လုပ်မှုလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုခြင်း၊ မီးပျက်ခြင်းစသည် အကြာင်းရင်းများသည် စီးပွားရေးကျ ဆင်းခြင်း၏ အဓိကအ​ကြောင်းရင်းများဖြစ်​ကြောင်းကမ္ဘာဘဏ်က ထောက်ပြသည်။

တစ်ဖက်တွင် အာဏာသိမ်း​ခေါင်း​ဆောင်သည် အာဏာသိမ်းပြီးစကတည်းက လျှပ်စစ်ရထား နှင့်ကားများ ​ပြေးဆွဲမည်ဟု​ပြောခဲ့​သော်လည်း မီးမှန်​အောင်မ​ပေးနိုင်ဘဲ ​နောကပိုင်းတွင် လျှပ်စစ်ရထား အ​ကြောင်းအ​ပြောရပ်ခဲ့သည်။မီးပျက်​သော်လည်း လျှပ်စစ်ကား နှင့် ဆိုလာတင်သွင်းမှုကို အာဏာသိမ်း​ခေါင်း​ဆောင် သားသမီးများနှင့်ပူး​ပေါင်းလုပ်ကိုင်သူများ ၊စစ်​ကောင်စီ နှင့် နီးစပ်သူများကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ထိုအုပ်စုမှာ အကျိုးအမြတ်များစွာရရှိခဲ့​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ အစီရင်ခံစာ တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကို ယာယီသမ္မတ တာဝန်များ လွှဲပြောင်းရယူမှုသည် ဂုဏ်သိက္ခာပင်မဆည်နိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မှတ်ချက်ပြုသည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယာယီသမ္မတတာဝန်များကို ယနေ့(ဇူလိုင် ၂၂ရက်)စတင်လွှဲပြောင်းရယူကြောင်း ကြေညာသည်။

နိုင်ငံတကာ

မနှစ်တုန်းက မူအားဖြင့် ဆွေးနွေးထားတဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် သုံးဦးက နိုင်ယာမေ တွေ့ဆုံပွဲမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။