Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တွင် YBS ပေါ် သစ်ပင်လဲကျ

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

ဓာတ်ပုံ - Myanmar Fire Services Department

သတိုး/People’s Spring

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ YBS ယာဉ်တစ်စီးပေါ် သစ်ပင်လဲကျမှုဖြစ်ုပီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

Public Service Announcement

Public Service Announcement

သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေရာ ယင်းနေရာသို့ ရှောင်ရှားသွားရန် စမ်းချောင်းမြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က ၎င်း၏ဖေ့စ်ဘွတ်ခ်မှလည်း အသိပေးထားသည်။

“အရေးကြီးသွားလာမည့်သူများ တာမွေနှင့်ရွေဂုံတိုင်ကြားလမ်းမကြီးအား ခေတ္တရှောင်ရှားမောင်းနှင်နိုင်ပါရန်။ရဟန်းရှင်လူမိဘပြည်သူများသွားလာနေတဲ့ လမ်းမကြီးအမြန်ပွင့်ဖို့ အဖွဲ့စုံဖြင့် သစ်ပင်ကြီးအားရှင်းလင်းလျက်ရှိပါတယ်ခင်ဗျာ။” ဟု ရဲသူရိန်က ရေးသားထားသည်။

အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ယင်းလမ်းမှ ပြေးဆွဲသည့် YBSယာဉ်များ အခြားလမ်းများမှ ပြောင်းလဲ ပြေး‌‌ဆွဲနေရကြောင်း YBS စီးနင်းသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ယနေ့ (ဇူလိုင် ၂၇)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်မျက်နှာစာတိုင်းတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီက ရန်ကုန်မြို့၌ ပြုလုပ်မည့် (၇၇)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးကို ယခင်နှစ်များထက် တိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရသ

မတ်ဟာခြေလှမ်းကြဲကြဲနဲ့ရန်ကုန်ထဲကိုတစ်လှမ်းချင်းဝင်လာတယ်။ မတ်ဟာ ကောင်းကင်ပြာကို အရောင်ပြောင်းလဲပစ်တယ်။ လူတိုင်းချောင်းဆိုးကြတယ်။ လည်ချောင်းနာကြတယ်။ ကိုယ်ပူတယ်။ ဘာကြောင့်လဲတော့မမေးပါနဲ့။ ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက်အဖြေဟာ ဒီလူ့အဖွဲ့အစည်းမှာ မရှိတော့တာကြာလှပေါ့။