Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်နုအုတ်ကျောင်းကို စစ်ကောင်စီက ရွှေဆေးသုတ်ပုံဖျက်လိုက်၍ ပြည်သူများဝေဖန်

မူလရှေးဟောင်းလက်ရာများကို အလုံးစုံဆန့်ကျင်၍ ရွှေဆေးဖြင့် မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီး၏ ဓာတ်ပုံသည် ယနေ့ တွင်လူမှုကွန်ယက်၌ ပျံ့နှံ့လာသည်ကိုတွေ့ရသည်။

စစ်​ကောင်စီက မယ်နုအုတ်​ကျောင်း​​ရွှေ​​ဆေးသုတ်ပြီး​တွေ့ရစဥ်

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် မယ်နုအုတ်ကျောင်း(ခ)နန်းမတော်မယ်နု၏ မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီးတစ်ခုလုံးကို စစ်ကောင်စီက ရွှေဆေးများသုတ်ကာ ပုံဖျက်လိုက်သဖြင့် ပြည်သူများက ဝေဖန်သည်။

မူလရှေးဟောင်းလက်ရာများကို အလုံးစုံဆန့်ကျင်၍ ရွှေဆေးဖြင့် မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီး၏ ဓာတ်ပုံသည် ယနေ့ တွင်လူမှုကွန်ယက်၌ ပျံ့နှံ့လာသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီးသို့ ရောက်ရှိခဲ့သူများနှင့် ဒေသခံအချို့က စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း အသိပေးသည်။

“အလှူဒါယိကာမကြီးဖြစ်တဲ့ ရှင်မင်းနု (ခေါ်) နန်း မတော်မယ်နု၏ အင်းဝမြို့ရဲ့ ကျက်သရေဆောင်မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီးပါ၊မူလသမိုင်း ဝင်ပုံက တကယ့်ရာဇဝင်ဆန် အသက်ဝင်တာမို့ မူလအတိုင်းရှိစေချင်ရုံပါ၊အင်းဝမြို့ရဲ့ သမိုင်းဝင်နေရာ‌ တွေထဲက တစ်ခုမို့ ပို၍ပင် နှမြောမိပါတယ်”ဟု ပြည်သူတစ်ဦးက ပြောသည်။

မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီးကို စစ်​ကောင်စီ​၏ ပြုပြင်မှုသည် မည်သည့် အတွက်ကြောင့်ကိုမူ မသိရှိသော်လည်း ဉာဏ်ရှိသောလုပ်ရပ်မဟုတ်ကြောင်း သမိုင်းနှင့် ရှေးဟောင်းယဥ်ကျေးမှု ဆိုင်ရာ လေ့လာသူ တစ်ဦးက ထောက်ပြသည်။

“အတုံးလိုက် အတစ်လိုက်ဆိုတာ အဲ့ဒါပြောတာ။ သာ/ယဉ် ဝန်ကြီးဌာနမှာ အဲ့လိုလူတွေကြီးဘဲရှိတာ။ သူတို့က ဆိုရှယ်လစ် ခေတ်ကိုပြန်သွားပြီး အဲ့ဒီခေတ်ထဲ တဝဲလယ်လယ်ပဲ နေချင်ကြဟန် တူတယ်”ဟု ၎င်းက ပြောသည်။

ရွှေ​ဆေးမသုတ်ခင်က ​ရှေး​ဟောင်းလက်ရာအတိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

မယ်နုအုတ်ကျောင်း(ခ)မဟာအောင်မြေဘုံစံအုတ်ကျောင်းတော်ကြီးကို ခရစ်နှစ် ၁၈၂၂ ခုနှစ်တွင် အင်းဝမြို့ဟောင်း စတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော နန်းမတော်မယ်နု က လှူဒါန်းခဲ့သည်။

ကျောင်းဆောက်လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး မဟာအောင်မြေဘုံစံဟု ကမ္ဗည်းထိုးကာ ညောင်ကန်ဆရာတော်ဦးပို အား လှူဒါန်းပြီး ကျောင်းထိုင်စေခဲ့သည်။ ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဆရာတော်ဦးဗုဓ် အား ဆက်လက်လှူဒါန်းခဲ့သည်။

အုတ်ကျောင်းတော်ကြီးသည် ၁၈၃၈ ခုနှစ်တွင် ပြင်း ထန်သော ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး နန်း မတော်မယ်နု ၏ သမီးတော်၊ မင်းတုန်းမင်း ၏ အလယ်နန်းမိဖုရားဖြစ်သော ဆင်ဖြူမရှင်မိဖုရား က ၁၈၇၆ ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့သည်။

အုတ်ကျောင်းသည် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ အမြင့် ၉၄ ပေ ရှိပြီး၊ အေဒီ ၁၉ ရာစု ကုန်း ဘောင်ခေတ်လက်ရာများမြင်တွေ့နိုင်သည်။ ဇေတဝန်ဆောင်နှင့် ပြဿဒ်ဆောင်ပါဝင်သော သစ်သားဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဍာန်တူတည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ၊ ပန်းရံနှင့် ပန်းတော့ အနုလက်ရာများကြောင့်လည်း ထင်ရှားသည်။

အုတ်ကျောင်းသည် အင်းဝမြို့ဟောင်းရှိ စည်တိုပုံမြို့ရိုး (ဒုတိယမြို့ရိုး)၏ အရှေ့မြောက်အရပ်၊ ထီးလှိုင်ရှင်ဘုရား၏ အနောက်မြောက်အရပ်တွင် တည်ရှိသည်။

ဆက်စပ်သတင်းများ