Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် အလင်းဝင်စစ်သားများအား ကြိုဆိုသည့် အဖြူရောင်လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူများက အဖြူရောင်အင်္ကျီများဝတ်ဆင်၍ အလင်းဝင်လာသည့် စစ်သားများအား ကြိုဆိုကြောင်း ပြသခဲ့ကြသည်။

ဓာတ်ပုံ - အရာတော်နှင့် မုံရွာ လူထုသပိတ်ကော်မတီ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူများက အဖြူရောင်အင်္ကျီများဝတ်ဆင်၍ အလင်းဝင်လာသည့် စစ်သားများအား ကြိုဆိုကြောင်း ပြသခဲ့ကြသည်။

ဇူလိုင် ၂၉ရက်က မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အဖြူရောင်အဝတ်များ ဝတ်ဆင်သည့် အဖြူရောင်လှုပ်ရှားမှုကို ဆောင်ရွက်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့သည့် စစ်သားများ အားလုံးကို ကြိုဆိုပြောင်း ပြသခဲ့ကြသည်ဟု အရာတော်လူထုသပိတ်ဦးဆောင်ကော်မတီက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ လက်နက်ချ အလင်းဝင်လာသည့် စစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ဦးနှင့် နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုထံ မျက်နှာမူခဲ့သည့် စစ်သားများအားလုံးကို ကြိုဆိုနေသည် သိရှိစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

ထို့အပြင် ကျေးလက်လူထုသည်လည်း ဘူးသပိတ်တိုက်ပွဲ၌ ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် မြို့ပြလူထုမှလည်း ပါဝင်လှုပ်ရှားကြရန် ဘန်နာများ ကိုင်စွဲကာ ချီတက်ခဲ့ကြသည်။

အဆိုပါအဖြူရောင်လှုပ်ရှားမှုကို သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများနှင့် မြင်းမူလူငယ်အင်အားစုများက ဦးဆောင်စီစဥ်ခဲ့ကြပြီး အရာတော်သပိတ်ကော်မတီနှင့် မုံရွာလူထုသပိတ် ကော်မတီက ဝန်းရံချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ လုံခြုံရေးတာဝန်ကျနေသော ရဲတပ်သားသုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်များတွင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း သတင်းရရှိသည်။

သတင်း

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဇော် မင်းနိုင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းနောင်အခြေစိုက် ခလရ(၉)တပ်ရင်းက ဖြစ်သည်။

ဆောင်းပါး

လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည့်သတင်းကို MNDAA က ဇူလိုင် ၂၃ ရက်တွင်ထုတ်ပြန်ခဲ့သည်။