Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလှိုင်တွင် စစ်တပ်ရောင်းချနေသောဆိုင်ခန်းများ အာမခံချက်မရှိဟု ပအဖ သတိပေး

မလှိုင်မြို့ ဂေါက်ကွင်းအနီး၊ စည်ပင်ပိုင် မြေနေရာတွင် ကားကွင်းပြုလုပ်မည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဆိုင်ခန်းများ ဆောက်လုပ်ရောင်းချနေကြောင်း မလှိုင် ပအဖက ပြောသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့တွင် စစ်ကောင်စီတပ်က ဆိုင်ခန်းများဆောက်လုပ်ရောင်းချနေပြီး ဝယ်ယူသူများအား ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုမည်မဟုတ်ဟု ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့-မလှိုင်မြို့နယ်ကဇူလိုင်၃၁ရက်တွင် သတိပေး ထုတ်ပြန်သည်။

မလှိုင်မြို့ ဂေါက်ကွင်းအနီး၊ စည်ပင်ပိုင် မြေနေရာတွင် ကားကွင်းပြုလုပ်မည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဆိုင်ခန်းများ ဆောက်လုပ်ရောင်းချနေကြောင်း မလှိုင် ပအဖက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆိုင်ခန်းများ ဝယ်ယူရန်ပြင်ဆင်နေသော လုပ်ငန်းရှင်နှင့် ပြည်သူများအနေဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို သုံးသပ်ပြီးမှ ဆုံးဖြတ်ကြရန် မလှိုင်ပအဖက တိုက်တွန်းသည်။

ယခုအခါ မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေရာ မလှိုင်မြို့ကို သိမ်းပိုက်ပြီးပါက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယင်းဆိုင်ခန်းများကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြန်လည်သိမ်းဆည်း၍ မြို့နေပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပြန်လည်စီမံခန့်ခွဲသွားမည်ဟု အသိပေးထားသည်။

“စစ်အာဏာရှင်လက်ထက်တိုင်းမှာ ပြည်သူပိုင်ပစ္စည်းတွေ ရောင်းချပြီး အိပ်ကပ်ထဲ ထည့်သွားတာများသလို အာဏာရှင်နဲ့ အပေါင်းအပါတွေပဲ ခိုးဝှက်ရယူသွားတာပါ။ ယခုမြေတွေ သိမ်းဆည်းစဥ်ကာလကလည်း အဓမ္မသိမ်းဆည်းခံထားရတာ။ ယခုချိန်ထိ ထိုက်သင့်တဲ့လျော်ကြေး မပေးရသေးပါဘူး”ဟု မလှိုင်ပအဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မရယူသည့် အဖွဲ့အစည်းဖြစ်၍ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ၎င်းတို့ရောင်းချသော မည်သည့်စီမံကိန်းမဆို အသိအမှတ်မပြုဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာထားသည်။

မလှိုင်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ သတ်ဖြတ်ခံနေရ၍ စစ်ကောင်စီက လမ်းပိုင်းအချို့၊ ကျေးရွာအချို့၌ တပ်စွဲထားပြီး ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း ချေမှုန်းရေးစစ်ကြောင်းမှ ရဲဘော်များသည် ဘန်ကာ သုံးခုအား ဝိုင်းထားနိုင်ခဲ့သော်လည်း စခန်းအနီးနားရှိ ဆင်အင်းစခန်းမှ တပ်ကူရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း 96 Soldiers - PDF(အညာဒေသ)က ဆိုသည်။

သတင်း

ဒေသခံအများအပြားသည် ဗန်းမော်မြိုသို့သွားရောက်၍ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။ထို့နောက် KIA က​မေ ၇ ရက်နံနက်အ​စောပိုင်း၌ နောက်တကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ခြင်းဟု ဒေသခံများကပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။