Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် စစ်တပ်ဂိတ်အား PDFများ ဝင်တိုက်၊သေနတ် လေးလက်ရ

ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေး​ရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသော လက်နက်များအား တွေ့ရစဥ်။ဓာတ်ပုံ - Young People Force-YPF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာအုပ်စု၊ ထန်းတောကျေးရွာရှိ စစ်ကောင်စီဂိတ်အား PDFများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး သေနတ် လေးလက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေး​ရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ဂိတ်ရှိ စစ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာခဲ့ပြီး ဂိတ်ရှိ သေနတ်လေးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“ပြည်သူအပေါ် အနိုင်ကျင့်ငွေတောင်း‌နေတဲ့စကစဂိတ်ပါ။ G3က သုံးလက်၊ Uzi က ၁ လက်ရတယ်။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ဆင်ရေးအား Salingyi-GZ ပကဖ လက်ရုံးတပ်၊Young People Force-YPF ပကဖ လက်ရုံးတပ်၊Triple Two ပကဖလက်ရုံးတပ် နှင့် ချင်းတွင်းဂဠုန်ရာဇာ ပကဖလက်ရုံးတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၃၁ရက်ကပင် ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ တာဝန်ကျနေသော ရဲတပ်သား သုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းထံ အလင်းဝင်လာခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စက်ရုံဆက်လက်လည်ပတ်ရန် ၊တရုတ်နိုင်ငံသားများအပါအဝင်စက်ရုံဝန်ထမ်းများ​ဘေးကင်းရန် NUG ကတရုတ်နှင့်​ဆွေး​နွေး၍ စီမံ​​ပေးထား

သတင်း

ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာပိုင်းတွင် နေထိုင်သည့် ဒုရဲမှူးအောင်ဇော်မျိုးကို ၎င်း၏ နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ လုံခြုံရေးတာဝန်ကျနေသော ရဲတပ်သားသုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ လမ်းမများပေါ်တွင် ခရီးသွားယာဥ်များအား နွားထိုးကြီး PDFက စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။