Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မရှိ​တော့​သည့် ရမခအတွက် စစ်​ကောင်စီတိုင်းမှူးသစ် ခန့်အပ်

စစ်​ကောင်စီက စစ်ရှုံးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား MNDAA က သိမ်းပိုက်သွား​သဖြင့် ဌာနချုပ်မရှိ​တော့​သော်လည်း ရမခအတွက် တိုင်းမှူးနောက်ထပ်အသစ်တစ်ဦး ထပ်မံခန့်လိုက်ပြန်သည်။

စစ်အုပ်စု၏ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ်များသိမ်းယူပြီး​နောက် ရမခ ဆိုင်းဘုတ်​ရှေ့တွင်​​အောင်ပွဲခံ​နေ​စဥ်။ဓါတ်ပုံ-MNDAA

မိထက်/People’s Spring

စစ်​ကောင်စီက စစ်ရှုံးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား MNDAA က သိမ်းပိုက်သွား​သဖြင့် ဌာနချုပ်မရှိ​တော့​သော်လည်း ရမခအတွက် တိုင်းမှူးနောက်ထပ်အသစ်တစ်ဦး ထပ်မံခန့်လိုက်ပြန်သည်။

လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ် ဩဂုတ်လ ၁၁ ရက်တွင် စစ်ကောင်စီက ခန့်အပ်လိုက်သည်ဟုနေပြည်‌ တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

” သူ ( ဗိုလ်ချုပ်မြင့်ကျော်ထွန်း) လက်မခံချင်ဘူး။ ဒါပေမယ့် မရဘူးလေ။ ဗိုလ်ချုပ်စိုးလှိုင်ကို လူကြီးပိုင်းက မယုံရဲဘူး” ဟု အထက်ပါ သတင်ရင်းမြစ်ကပြောသည်။

MNDAA ဦး​ဆောင်​သော​ပူး​ပေါင်းတပ်များက ဇူလိုင် ၃ ရက်တွင် လားရှိုးမြို့ရှိ စစ်တပ်စခန်းများကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး​နောက် ဇူလိုင်၁၇ ရက်တွင် ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုစစ်ကောင်စိက ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။ တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော်လည်း လားရှိုးရမခ တွင်ရှိ​နေစဉ်မှာပင် MNDAAက ရမခကိုအပြီးသတ် သိမ်းပိုက်ပြီး ဗိုလ်ချုပ်စိုးတင့်နှင့် အရာရှိများကိုပါဖမ်းဆီးခဲ့ သည်။

တိုင်းမှူးသစ်ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်မှာပင်ရှိ​နေပြီးလားရှိုးမြို့ပင် မ​ရောက်လိုက်ဘဲ ဌာနချုပ်ကရှုံးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဗိုလ်ချုပ်စိုးလှိုင်အား ထပ်မံထုတ်ပယ်၍ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို တာဝန်ပေးခြင်းဖြစ်သည်။ဗိုလ်ချုပ်စိုးလှိုင်အား မည်သည့်နေရာသို့ပြန်လည်တာဝန်ပေးအပ်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

” သူ(ဗိုလ်ချုပ်စိုးလှိုင်)က ဝ ဝပ်ဖွဲ့နဲ့ နီးစပ်တယ်လို့ ဝေဖန်မှုတွေရှိတယ်။ ဒါကြောင့်သူ့ကို ဖယ်လိုက်တာပါ”ဟု နေပြည်တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဦး​ဆောင်​သော ​ပူး​ပေါင်းတပ်များက ဩဂုတ်လ ၃ရက်တွင် ရမခအား သိမ်းယူပြီး‌​နောက်စစ်​ကောင်စီက နာရီပိုင်းအတွင်း တပ်တွင်းအ​ပြောင်းအလဲများပြုလုပ်ခဲ့သည်။

လားရှိုးတိုက်ပွဲတွင်ရမခ ခုခံစစ်ကို တိုက်ရိုက်ညွှန်ကြားခဲ့သည့် အမှတ် ( ၂ ) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၂) မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအားရာထူးမှ ထုတ်ပယ်ခဲ့သည်။ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး အစား ကစထ (၂)မှူးအဖြစ် စစ်​ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ် တာဝန်ထမ်း​ဆောင်ခဲ့​သောဒုတိဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်အပ်ခဲ့သည်။

ယခုအခါ MNDAA က လားရှိုးမြို့အားထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး လုပ်ငန်းများစတင်အကောင်အထည်ဖော်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် လက်ရှိ တိုက်ခိုက်နေဆဲ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် လားရှိုးမြို့၊ ကွတ်ခိုင်မြို့၊ တာမိုးညဲမြို့၊ နမ့်ခမ်းမြို့၊ နမ့်ဖက်ကာမြို့၊ သိန္နီမြို့၊ ကွမ်လုံမြို့၊ချင်းရွှေဟော်မြို့၊လောက်ကိုင်မြို့၊ ကုန်ကြမ်းမြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့၊ မိုးမိတ်မြို့၊ မိုးကိုးမြို့၊မော်ထိုက်မြို့၊မိုင်းလုံမြို့၊ မိုင်းငေါ့မြို့၊ပန်လုံမြို့၊ ဖောင်ဆိုင်မြို့၊ပန်ဆိုင်းမြို့နောင်ချိုမြို့တို့ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ယခုအခါ သီပေါမြို့သိမ်းတိုက်ပွဲကို TNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကထိုးစစ်ဆင် တိုက်ခိုက်နေသည်။ထို့အပြင် မူဆယ်မြို့ကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းသတင်းများထွက်ပေါ်နေသည်။

စစ်​ကောင်စီက ၁၀၂၇ ပထမပိုင်းတွင် ​လောက်ကိုင် ဒကစ သည် MNDAAထံလက်နက်ချခဲ့ပြီး ဒကစ မရှိ​တော်​သော်လည်း စစ်​ကောင်စီက လက်နက်ချ ဗိုလ်ချုပ်များကို​သေဒဏ်​​ပေးခဲ့သည်။ MNDAA သိမ်းပိုက်လိုက်၍ ဒကစ မရှိ​တော့​သော်လည်း အစားထိုးခန့်အပ်မှူကိုမူပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါးယံဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင် သုံးဆောင် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ စစ်ကောင်စီ ၏ အခိုင်အမာစခန်းဖြစ်သည့် ဘန့်ဘွေးရွာမ ပျူစောထီးကျေးရွာစခန်းသိမ်းပိုက်နိုင်ရေး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူအသုံးပြုခုခံခဲ့၍ အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိခဲ့ပေ။

သတင်း

တနင်္သာရီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းအား လုံခြုံရေးယူပေးသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တစ်ရက်တည်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။