Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းမယ့်အခြေအနေရောက်ပြီလို့ KNU ဥက္ကဋ္ဌ ဆို

တစ်နိုင်လုံးရဲ့ ဆန့်ကျင်တော်လှန်မှုအရှိန်အဟုန်ကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေဟာ ပြိုလဲ ကျဆုံးချိန်ရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။

နိုင်ပကောင်း/People’s Spring

တစ်နိုင်လုံးရဲ့ ဆန့်ကျင်တော်လှန်မှုအရှိန်အဟုန်ကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေဟာ ပြိုလဲ ကျဆုံးချိန်ရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၂ ရက်မှာကျရောက်တဲ့ (၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့ ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားသွားတာပါ။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေဟာ “ စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မယ့် အခြေအနေ လည်းဖြစ်ပါတယ် “ လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

စစ်အာဏာရှင် စနစ် ဆုံးခန်းတိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံကို ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံ ထူထောင်မယ်လို့လည်း ဆိုပါတယ်။

ကရင်အမျိုးသားတွေအနေနဲ့လည်း မတူညီမှုတွေ ၊ အမြင်ကွဲလွဲနေမှုတွေကို ဘေးဖယ်ပြီး ကရင်အမျိုး သားအလံတော်အောက်မှာ စည်းစည်းလုံးလုံး ပါဝင်ကြဖို့ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပါတယ်။

KNU ရဲ့ ဗဟိုစစ်ဦးစီးဌာနချုပ်ကလည်း ကရင်အမျိုးသားတွေ ငိုက်မြည်းမေ့လျာ့မနေကြဖို့နဲ့ သတိရှိရှိ တိုက်ပွဲဝင် လှုပ်ရှားကြဖို့ကို ဒီနေ့ မှာကျရောက်တဲ့ကရင့်အာဇာနည်နေ့မှာ နှိုးဆော်ပါတယ်။

KNU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်လူငယ်တွေကို စစ်သင်တန်းပေးတာ ၊ စစ်တပ် ရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီကို ဦးဆောင်တိုက်ခိုက်နေပြီး KNU လက်အောက်ခံတပ်မဟာ နယ်မြေတွေအားလုံး မှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ ခေါင်းဆောင် မိန့်ခွန်းပြောရာမှာ KNU ဟာ စစ်တောင်းမြစ်ဝှမ်းမှာတိုက် ပွဲဖော်ဆောင်ဖို့ စီစဉ်ထည့်နေတယ်လို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။

စစ်တောင်းမြစ်ဝှမ်းဟာ စစ်ကောင်စီရဲ့စစ်ဌာနချုပ်တည်ရှိရာ နေပြည်တော်ဆီ ထိုးဖောက်ဖို့ အနီးဆုံးနေရာ ရှိနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ကို အပြီး သတ်သိမ်းနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ဗျုဟာနဲ့ တပ်ရင်း ၂ ရင်း ကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၃)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်ကင်းစင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သွေးစည်းညီညွတ်ကြရန် တိုက်တွန်း