Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သုံ့ပမ်းနှင့် စစ်သားမိသားစုဝင် ၃၀၀ ကျော်ကို MNDAA ထပ်မံ လွှတ်ပေး

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထပ်မံ လွှတ်ပေးလိုက်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို MNDAAက ထပ်မံ လွှတ်ပေးနေစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထပ်မံ လွှတ်ပေးလိုက်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

MNDAAအနေဖြင့် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်စဉ် စစ်သုံ့ပမ်း ထောင်ချီ ဖမ်းမိခဲ့ရာ စစ်သုံ့ပမ်းမိသားစုဝင်များကို ဩဂုတ် ၆ရက်မှစ၍ ပြန်လည်လွှတ်ပေးခြင်းများ ပြုလုပ်လျက်ရှိရာဩဂုတ် ၁၁ ရက်တွင် စစ်သုံ့ပမ်း ၅၅ဦး၊ ၎င်းတို့၏ မိသားစုဝင် ၂၇၆ ဦး စုစုပေါင်း ၃၃၁ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လွှတ်ပေးခြင်းအပြင် လမ်းစရိတ်များ ပေးခဲ့ကြောင်းလည်း ကိုးကန့်တပ်မတော်က ထုတ်ပြန်သည်။

MNDAAအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ပြသသည့်အနေဖြင့် ထိုသို့လွှတ်ပေးခြင်း၊ လမ်းစရိတ်ပေးခြင်း၊ ဒဏ်ရာရသူများအားကုသပေးခြင်း၊ စစ်သုံ့ပမ်းမိသားစုဝင်များကို စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

MNDAA အနေဖြင့် ထိုသို့ စစ်သုံပမ်းများကို ပြန်လွှတ်ပေးမှု ရှိသကဲ့သို့ တစ်ဖက်တွင်လည်း စစ်သုံပမ်း ထောင်ချီကျန်ရှိနေပြီး ၎င်းတို့အား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သောညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များ နှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

သတင်း

နေရပ်ပြန်လာသူများ အကူအညီပေးရေး စခန်းများဖွင့်ထားပြီး အခက်အခဲကြုံပါက ဆက်သွယ်နိုင်ဟုဆို

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

သတင်း

မန္တလေးမြို့ တွင် စစ်​ကောင်စီက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့​သော MNDAA အ​ကြောင်း မ​ကောင်း​ရေးသား၍ ကိုးကန့်တိုင်းရင်းသားများက ကန့်ကွက်သည်ဆို​သောစာများအား မြို့အနှံ့ လိုက်လံကပ်နေကြောင်း ဒေသခံများက ပြောသည်။