Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီပေါတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ၅ရက်အတွင်း အရပ်သား ၁၁ဦးသေဆုံး

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းမြောက် သီပေါမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများနေ့စဉ်ပစ်ခတ်၍ (၅)ရက်အတွင်း အရပ်သား ၁၁ဦးသေဆုံးခဲ့ပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သီပေါတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးသူတစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းမြောက် သီပေါမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများနေ့စဉ်ပစ်ခတ်၍ (၅)ရက်အတွင်း အရပ်သား ၁၁ဦးသေဆုံးခဲ့ပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

TNLAက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် သီပေါတွင် ဩဂုတ် ၉ရက်မှ ၁၃ရက်အထိ အရပ်သား ထိခိုက်သေဆုံး အခြေအနေများကို အသိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါကာလအတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး လေးဦးသေဆုံးသွားခဲ့ကြောင်း၊ သီလရှင် တစ်ပါးနှင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရသည်ဟု အသိပေးသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် မြို့များစွန့်လွှတ်ခဲ့ရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုအားဦးတည်၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း TNLAက ထုတ်ပြန်သည်။

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်၊ နမ့်ဆန်မြို့နယ်များ၊ MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားသည့် သိန္နီ ၊ လောက်ကိုင်မြို့နယ်များတွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ - တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ယနေ့(ဩဂုတ် ၁၄ရက်)နံနက်ကစ၍ တိုက်ပွဲ ပြင်းထန်နေပြီ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေသည်။

သတင်း

မန္တလေးတိုင်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်ရှိ ဌာနဆိုင်ရာများ​၏ NonCDMဝန်ထမ်းများထွက်ပြေးသွား၍ စစ်ကောင်စီ၏ ယန္တရားရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။