Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးတိုင်းအနောက်ခြမ်းတွင် (၃)ရက်အတွင်း အုပ်ကြီးနှင့် ရာအိမ်မှူးသုံးဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းတွင် (၃)ရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

မင်းလှမြို့နယ် ဇရစ်မျှောကျေးရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူးထံမှ သိမ်းဆည်းရရှိသော လက်ပစ်ဗုံးနှင့် ဖုန်းနှစ်လုံးကိုတွေ့ရစဥ်

ကျော်ဇော/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်းတွင် (၃)ရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရသည်ဖြစ်စဥ်များမှာ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နှင့် သာယာဝတီခရိုင် မင်းလှမြို့နယ်တို့၌ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပေါက်ခေါင်းမြို့နယ်ဖြစ်စဥ်မှာ ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူး မောင်ဝင်းဆိုသူကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)၊ တပ် ခွဲ(၅)မှ ယမန်နေ့(သြဂုတ် ၁၃)ညနေ ၃ နာရီခွဲခန့်၌ ၎င်း၏နေအိမ်သို့သွားရောက်၍ သေနက်ဖြင့်(၂)ချက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း တပ်ရင်းမှ ပြန်ကြားရေးတာ ဝန်ခံက ပြောသည်။

ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူး မောင်ဝင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပေါင်းပြီးဗောဓိကုန်းအုပ်စုအတွင်း စစ်မှုထမ်းရန် တပ် သားသစ်အတင်းအဓ္မလိုက်လံစုဆောင်းပေးခြင်း၊ တစ်အိမ်ထောင်လျှင်အနည်းဆုံးကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းအထိ စစ်မှု ထမ်းကိစ္စအတွက် ငွေကြေးကောက်ခံနေသူဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သို့ဖြစ်ရာ သတိပေးထားသည့်ကြားမှ ယခုကဲ့ သို့ ပြည်သူအပေါ် နည်းမျိုးစုံဖြင့် ဆက်လက်ဒုက္ခပေးနေခြင်းကြောင့် ပစ်ခတ်အရေးယူရခြင်းဖြစ်သည်ဟု တပ်ရင်း ၃၆၀၁ က အသိ ပေးထားသည်။

အလားတူ မင်းလှမြို့နယ်တွင်း ပစ်ခတ်မှု ဖြစ်စဥ်နှစ်ခုမှာ ယနေ့(သြဂုတ် ၁၄ ရက်)နှင့် သြဂုတ် ၁၂ ရက်နေ့များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ယနေ့ဖြစ်စဥ်သည် မင်းလှမြို့နယ် ခွက်မအုပ် စု၊ ဇရစ်မျှောင်ကျေးရွာမှ ရာအိမ်မှူးနှင့် ပျူစောထီးဟုဆိုသူ ထွန်းထွန်းအား နံနက် ၉ နာရီခွဲခန့်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ရဲဘော်များက ၎င်း၏နေအိမ်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုတွင် ရာအိမ်မှူးထွန်းထွန်းဆိုသူအား သေနတ်ကျည်နှစ်ချက်ထိမှန်ကာ နေရာတင်သေဆုံးသွားပြီး ၎င်းထံမှ လက်ပစ်ဗုံးတစ် လုံး၊ ဖုန်းနှစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို့အပြင် သြဂုတ် ၁၂ ရက်နေ့ကလည်း မင်းလှနယ်၊ ဆင်တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းမြင့်ဆိုသူကို ယင်းနေ့နေ့လယ် ၃ နာရီခန့်၌ မင်းလှမှဆိုင်ကယ်ဖြင့်ပြန်လာစဥ် စိန်ပုရွာထိပ်၌ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃၊ တပ် ခွဲ ၂ နှင့် မင်းလှ(ပကဖ)တို့ပူးပေါင်းပြီး ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ပဲခူးတိုင်းအနောက်ခြမ်းဘက်မှာက အုပ်ချုပ်ရေးမှူးတွေက ပိုပြီးတော့ဂျိုကြွပြီးတော့မှ ဇောင်းထနေတဲ့ကောင်က များတယ်။ ဘယ်လိုခေါ်မလဲဆိုတော့ ဒီကောင်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး အခွင့်အရေးရရင် ရသလိုယူတယ်။ ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတယ်။ ကျနော်တို့ကလည်း အုပ်ချုပ်ရေးအဖွဲ့တွေမှမဟုတ်ဘူး ပြည်သူကိုဒုက္ခပေးတဲ့ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်မဆို ခုလိုပဲ ဆက်ပြီးအရေးယူသွားမှာ”ဟု ပြည်ခရိုင် တပ် ရင်း ၃၆၀၁(PPDF)မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

အထက်ပါကဲ့သို့ ပစ်ခတ်ရှင်းလင်းခံရမှုများကြောင့် သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၂၀ ဦးထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာတိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုယ့်ဗုံးဖြင့်ကို ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ဒေသခံပြည်သူများ ​ဘေးလွတ်မည်ထင်ရာသို့ စစ်​ဘေးတိမ်း​ရှောင်

သတင်း

​အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ​၏ နေအိမ်များအား PDFက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၅ရက်) ည ၁၁နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ၊ ကင်မွန်ချောင်ကျေးရွာမှ ပျူစောထီးမြတ်နိုးဆိုသူအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဓါးရှည် တစ်လက် ၊ ဂတ်စ်သေနတ်...

သတင်း

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။