Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ ရေတပ်လက်နက်ကြီး ရမ်းပစ်

ဒေသခံပြည်သူများထိတ်လန့်​၊ ​ကျောင်းများပိတ်

သားကြီး/People’s Spring

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ယနေ့(ဩဂုတ်လ ၁၆ရက်)နံနက် ၉နာရီခန့်က စစ်ကောင်စီရေတပ်ဘက်မှ အကြောင်းရင်းမသိရသေးသည့် သေနတ်ပစ်ခတ်မှုများ ရှိခဲ့ပြီး တမြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

“ပုသိမ်ကမ်းနားလမ်းဘက်ကနေလည်း သေနတ်သံတွေ အချက်၂၀ လောက်ထွက်တယ်။ ရေတပ်က‌နေလည်းပစ်တယ်။ကြောက်လို့ ကျောင်းတွေ ပိတ်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်ကို အတိအကျ မသိရသေးပေ။

Public Service Announcement

Public Service Announcement

“စစ်တပ်က လက်နက်ကြီး ပစ်တယ်။ ဘယ်ကိုပစ်လဲမသိဘူး။ သေနတ်သံတွေလည်း ကြားတော့ တစ်ခုခုထူးနေပြီလို့ ထင်တယ်” ဟု ပုသိမ်မြို့ပေါ်၌ နေသူတဦးကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမှတ် (၉)ရပ်ကွက် သင်္ဘောကျဉ်းဘက်ကမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်အိမ်စည်ကားသုံးစီးသည်

အမှတ် (၂)တံတားကို ပိတ်ဆို့ကာ တားဆီး စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ပုသိမ်ကမ်းနားနှင့်မြစ်ဝ၌ ‌ စစ်ရေယာဉ်တပ်ဖြန့်ထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း တော်လှန်ရေးအင်အားစုဝင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်း သည်​တော်လှန်​ရေး အား​ကောင်းသည့်​ဒေသများတွင်မပါဝင်ဘဲ မြို့နယ်အချို့တွင်သာ PDF များလှုပ်ရှားမှုရှိခဲ့သည်။

သို့​သော် အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်မြို့ဖြစ်သည့် ဂွမြို့အနီးရောက်ရှိလာနောက် ဧရာဝတီငတိုင်းအတွင်းစစ်ရေးကူးစက်လာမည်ကို စစ်‌ကောင်စီက ကြောက်ရွံနေသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA )က သိမ်းပိုက်‌ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကမိုင်းရယ်မြို့တွင် ဌာနချုပ်အသစ်ဟုဆိုကာထပ်မံဖွင့်လှစ်လိုက်​ကြောင်းစုံစမ်းသိရသည်။

သတင်း

အလည်အပတ် (PV ) ပတ်စ်ပို့နဲ့ ပြည်ပမှာအလုပ်ထွက်လုပ်မယ့်သူတွေကို နိုင်ငံကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက ဒီနေမှာ ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး သေဆုံးထိခိုက်သူများထဲတွင် ကလေးငယ်များ ပါဝင်သည်ဟု KNU ဗဟိုက အသိပေးသည်။

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ အသက် (၄၀)အရွယ် မိခင်တစ်ဦး သေဆုံးကာ သုံးနှစ်အရွယ် သားငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပြသည်။