Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင် ၂,၀၀၀ ကျော် MNDAA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ် ၁၃ရက်အထိ လူဦးရေ ၂,၀၀၀ကျော် ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်း နှင့်မိသားစုဝင်များအား MNDAAက ပြန်လွှတ်ပေးရန် စီစဥ်နေစဥ်။ ဓာတ်ပုံ - File Photo

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ် ၁၃ရက်အထိ လူဦးရေ ၂,၀၀၀ကျော် ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှုအပါအဝင် တိုက်ပွဲကာလအတွင်း လက်နက်ချသူ ထောင်ချီရှိခဲ့ရာ ဩဂုတ် ၆ရက်မှစ၍ MNDAAက အသုတ်လိုက် ပြန်လွှတ်ပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ လွှတ်ပေးခဲ့ရာ ဩဂုတ် ၁၃ရက်တွင် စစ်ကောင်စီတပ်မိသားစုဝင် ၁၈၅ဦးကို ထပ်မံလွှတ်ပေးခဲ့ကြောင်း အသိပေးပြီး စစ်သုံပမ်းနှင့် တပ်မိသားစုများ ခုနစ်သုတ်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း အသိပေးသည်။

ထိုသို့ လွှတ်ပေးရာတွင် စစ်ကောင်စီတပ်မိသားစုဝင်များကို MNDAA ရဲဘော်များက ခရီးစရိတ်ပေးအပ်ခဲ့မှု ရုပ်သံကို ဖော်ပြထားသည်။

ယခု သတင်းထုတ်ပြန်ချက်တွင် လမ်းခရီးစိတ် ပေးအပ်ခဲ့မှုကို ဖော်ပြထားခြင်းမရှိသော်လည်း ယခင် ထုတ်ပြန်ချက်များအရ စစ်ကောင်စီတပ်မိသားစု တစ်ခုလျင် ကျပ် ၅သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ဟု MNDAAက အသိပေးသည်။

ထိုသို့ လမ်းစရိတ်ပေးခြင်းအပါအဝင် ဒဏ်ရာရသူများအား ဆေးကုသမှုပေးခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း၊ သွားလာရာတွင် ကားများဖြင့်ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ဟု MNDAAက ဆိုသည်။

MNDAA အနေဖြင့် စစ်သုံ့ပန်းများစွာ ဖမ်းမိထားရာ ပြန်လွှတ်ပေးခြင်းမရှိသေးသူများအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

MNDAAသည် လက်နက်ချအလင်းဝင်သူများကိုမူ ဆုငွေပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။ အလင်းဝင်သူများကို အနည်းဆုံး ကျပ် ၁၀သိန်း ဆုငွေပေးအပ်ခဲ့ပြီး ရာထူးအဆင့်နှင့် လက်နက်ပါဝင်လာမှုတို့အပေါ်မူတည်ပြီး ထပ်မံ ပေးအပ်လေ့ရှိသည်။ လက်နက်ချအလင်းဝင်သူများကို MNDAA ထိန်းချုပ်နယ်မြေအတွင်း နေရာချထားပေးကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျန်နေသည့် စစ်ကောင်စီတပ်သားများ အလင်းဝင်လာရေး လက်ဆင့်ကမ်းပြောပေးရန် MNDAA တပ်မှူးပြော

သတင်း

ကိုးကန့်တပ်ဖွဲ့(MNTJP/MNDAA)၏ နိုင်ငံရေး လမ်းကြောင်းဆိုင်ရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ရှင်းပြခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

သတင်း

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထပ်မံ လွှတ်ပေးလိုက်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သောညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များ နှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။