Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူ -သံဖြူဇရပ်လမ်းပိုင်းရှိ စစ်တပ်ဗျုဟာ တိုက်ခိုက်ခံနေရ

KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ ဝင်းရေးမြို့နယ် ထဲမှာ သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေ ထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ ဝင်းရေးမြို့နယ် ထဲမှာ သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေ ထံကသိရပါတယ်။

“တိုက်ပွဲဖြစ်တာ ရက်တော်တော်ကြာနေပြီ၊ အခုထိ မပြီးသေးဘူး” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မနေ့ (သြဂုတ် ၁၅) ရက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝင်းရေးမြို့နယ်(ရေးမြို့နယ်) ၊ အနန်းကွင်းရွာမှာ တိုက်ပွဲ ဖြစ်နေတာဖြစ်ပြီး အဲဒီရွာဟာ ဘုရားသုံးဆူ- သံဖြူဇရပ် လမ်းပိုင်းမှာရှိတာပါ။

စစ်ကောင်စီတပ်ကလည်း အဲဒီဒေသမှာ ဗျုဟာတစ်ခု အခြေ ချထားတယ်လို့သိရပါတယ်။

သြဂုတ်လ ဒုတိယပတ်ကစပြီး အနန်းကွင်းရွာက စစ်တပ် ဗျုဟာနဲ့ KNU တပ်မဟာ (၆) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားကြတာပါ။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းရွာအပြင် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းရှိ တညင် နဲ့လွတ်ရှမ်းရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်ခံနေရတဲ့ အနန်းကွင်း စစ်ဗျုဟာ တပ်ဟာ ပြီးခဲ့တဲ့ မေလအတွင်း KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်က တောင်စွန်းစခန်းနဲ့မိုင်းအနည်းငယ်သာ ဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်သွားတဲ့နောက် ရွာသားတချို့က အရဲစွန့်ပြီး နေရပ် ပြန်ကြပေမယ့် လူ ၄၀ ကျော်လောက်ကတော့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ထိုင်းပိုင်နက်ဖက်မှာပဲ ဆက်လက် ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

ယမန်နေ့ နံနက်ပိုင်းကလည်း ရန်ကုန်- မြဝတီလမ်းမကြီး ဘားအံမြို့အနီးတွင် မှန်လုံခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ခရီးသည်တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

သတင်း

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄ ဦးကျသလို ပူပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် ၂ဦး ကျဆုံံးခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်းက အသိပေးထားပါတယ်။

သတင်း

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်၍ ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။