Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ပြိုကျပျက်စီးသွားသော စေတီအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ရွှေညာမြေ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၁၅ရက်) ည ၈နာရီခန့်က စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ မြင်းခြံမြို့၊ အမှတ်(၁၅) ခြေမြန်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာ(ခ)တစိုးရွာရှိ ရှေးဟောင်းစေတီတစ်ဆူဖြစ်သော လှိုင်ရှည်စေတီနှင့် စေတီအချို့ ပြိုကျ​ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြိုကျပျက်စီးသွားသော စေတီအချို့အား တွေ့ရစဥ်။ဓာတ်ပုံ – ရွှေညာမြေ

“တိုက်ပွဲမရှိဘဲနဲ့ ပစ်တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ သြဂုတ် ၁၄ရက်ကလည်း ခမရ(၁၅)မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍

လက်ဝဲမြင်းနီကျေးရွာ ရွှေပွင့်စင်ဘုရားအတွင်းရှိ စေတီငယ်တစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ကျေးရွာများအား လေယာဥ်များ ဆက်တိုက်ဝဲပျံနေပြီး တောင်သာ နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ လေကြောင်းမှပစ်ခတ်မှုများရှိနေကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDF၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်အုပ်စုဝင် အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့် စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်ရှိ ဌာနဆိုင်ရာများ​၏ NonCDMဝန်ထမ်းများထွက်ပြေးသွား၍ စစ်ကောင်စီ၏ ယန္တရားရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ထနောင်းတောတောင်ကျေးရွာရှိ ဈေအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

လက်နက် ၂၇လက်နှင့် စစ်သုံ့ပန်းဦး သုံးဖမ်းဆီးရမိ

သတင်း

လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းအချို့ ရရှိ၊ မြင်းခြံနှင့် ​တောင်သာရှိစစ်တပ်တပ်စွဲရာ​နေရာများကို ​​ဒေသခံ​တော်လှန်​ရေးအဖွဲ့များတချိန်တည်းတိုက်ခိုက်