Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ဈေးအတွင်းကျပေါက်ကွဲ၍ ပြည်သူ ၁၁ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ထနောင်းတောတောင်ကျေးရွာရှိ ဈေအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်သူအမျိုးသမီးတစ်ဦးအား သယ်ဆောင် လာသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ထနောင်းတောတောင်ကျေးရွာရှိ ဈေအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ (ဩဂုတ် ၁၃ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်သည် မုံရွာမြို့အဝင် မအူဂိတ်မှ (၆၀)မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ရာ မုံရွာ – အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာရှိ စျေးတန်းအလယ်ကျရောက်ခဲ့ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“မအူဂိတ်ကကောင်တွေက ရူးကြောင်မူးကြောင်နဲ့ပစ်တာ။ အလောင်းတွေကို ပြန့်ကြဲနေတာပဲ။ ညနေထိကို မကောက်ရသေးဘူးပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးထိခိုက်ဒဏ်ရာရသူများတွင် ကုန်စိမ်းစျေးသည်များ၊ စျေးဝယ်သူများလည်းပါဝင်ကြောင်း၊ ထို့အပြင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်၁၀ရက်နှင့် ၁၁ရက်ကလည်း မအူရွာဂိတ်မှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ဦးထိမှန်ခဲ့ပြီး နှစ်ဦး​ သေဆုံးခဲ့သေးသည်။

မုံရွာ – အမြင့်လမ်းဘေးရှိကျေးရွာများသည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ခံနေရပြီး ထိခိုက်သေဆုံးသူ တစ်ရာကျော်ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး မှန်လုံယာဥ်တစ်စီး တိမ်းမှောက်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝကျဆင်းနေပြီး စစ်တိုက်ရာ၌လည်း အောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။

သတင်း

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အတွင်း စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့သည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးကို ရှာဖွေတွေ့ရှိ ကယ်ထုတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။