Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် တပ်မကုန်းကာကွယ်ရန် စစ်ကောင်စီကဘုန်းကြီးကျောင်းနှင့် ကျောက်စိမ်းလုပ်ကွက်များတွင် နေရာယူအင်အားဖြည့်

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တပ်မကုန်း ကာကွယ်ရန် စစ်ကောင်စီတပ်က မြို့တွင်းစစ်ရေးလှုပ်ရှားမှုနေရာယူ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖားကန့်ရှိ ကျောက်လုပ်ကွက်တနေရာတွင် မှော်လှည့်သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တပ်မကုန်း ကာကွယ်ရန် စစ်ကောင်စီတပ်က မြို့တွင်းစစ်ရေးလှုပ်ရှားမှုနေရာယူ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၉) ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်မြို့ စစ်ကောင်စီ​၏ စခန်းလုံခြုံရေးအတွက် အရေးပါသည့် လမောင်ကုန်းနှင့်တောမော် စစ်ကောင်စီတပ်စခန်းများကို ဩဂုတ် ၁၅ရက်ကသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့အတွင်း စစ်ရေးလှုပ်ရှားလာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့အတွင်းရှိ စစ်ကောင်စီတပ်သည် မနမှော်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက် များ၌ နေရာယူ စစ်အင်အားဖြည့်တင်းနေ သကဲ့သို့ ဘုန်းကြီးကျောင်းအချို့တွင်လည်း နေရာယူ တပ်စွဲထားဟု KIAက အသိပေးသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းလာ၍ ပြည်သူများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ လုံခြုံရာသို့ထွက်ပြေးမှုများရှိနေကြောင်း၊ ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ် လှုပ်ရှားလာခြင်းသည် ဖားကန့် တပ်မကုန်းကို ကာကွယ်သည့်သဘောဖြစ်သည်ဟု သိရကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်မြို့၌ တိုက်ပွဲဆက်ဖြစ်မည်၊ မဖြစ်မည်ကို မပြောနိုင်သော်လည်း KIA ပူးပေါင်းတပ်က သိမ်းရထားသည့် လမောင်ကုန်းနှင့် တောမော်စခန်းများသည် ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်းများ လုံခြုံရေးအတွက် အရေးပါသည့် စခန်းများဖြစ်ကြောင်း ယမန်နေ့(ဩဂုတ် ၁၆ရက်)တွင် ပြောထားသည်။

အဆိုပါ တပ်စခန်းများသိမ်းပိုက်စဉ် စစ်သုံ့ပမ်း ဖမ်းဆီးရရှိမှု ရှိခဲ့သည်ဟုလည်းအတည်ပြုသည်။

စစ်ကောင်စီ ဝါဒဖြန်သူအချို့ကလည်း ဖားကန့်တွင် ခံစစ်စခန်း ၂ခု ကျသွားပြီဖြစ်၍ ခံစစ်စခန်း ၇ခုသာ ကျန်တော့သည်ဟု လူမှုကွန်ရက်၌ ရေးသားထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်​နေသောဧရာဝတီတိုင်းရှိ မြို့များမှ ဆေးရုံများ၊ ဘောလုံးကွင်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလိုက်ပြီး အရပ်သားများအားဖမ်းဆီးမှုများ ပြုလုပ်လာသည်။

သတင်း

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီး​နောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်​​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများရပ်တန့်သွားသည်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားပြီးဖြစ်သည့် ရှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျောင်းဆောင်ပျက်စီးပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။