Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ပြည်နယ် နှင့် ထိစပ်​နေသောဧရာဝတီတိုင်းမှမြို့များတွင် စစ်တပ်က အများပြည်သူပိုင်နေရာများ၌ဝင်​ရောက်တပ်စွဲ

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်​နေသောဧရာဝတီတိုင်းရှိ မြို့များမှ ဆေးရုံများ၊ ဘောလုံးကွင်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလိုက်ပြီး အရပ်သားများအားဖမ်းဆီးမှုများ ပြုလုပ်လာသည်။

ရခိုင်ပြည်နယ် နှင့် ထိစပ်​နေ​သော ဧရာဝတီတိုင်းမှမြို့နယ်များကို Google Earth တွင်​တွေ့ရမှု

သားကြီး/People’s Spring

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်​နေသောဧရာဝတီတိုင်းရှိ မြို့များမှ ဆေးရုံများ၊ ဘောလုံးကွင်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလိုက်ပြီး အရပ်သားများအားဖမ်းဆီးမှုများ ပြုလုပ်လာသည်။

အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် မကြာမီတွင် ဧရာဝတီတိုင်း၌လည်း တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ​ဒေသခံပြည်သူများကြား​ပြောဆိုနေကြသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအထိစစ်ရေးကျယ်ပြန့်လာမည်ကို စိုးရိမ်နေသည့်စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နှင့် နယ်‌မြေချင်းထိစပ်နေသော ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် အများပြည်သူပိုင်နေရာများ၌ ဝင်ရောက်တပ်စွဲလာ​ကြောင်း ဒေသခံများကပြောသည်။

“ရေကြည်မှာဆို ဘောလုံးကွင်းမှာတပ်စွဲလိုက်ပြီ။ ကျန်တဲ့မြို့တွေမှာလည်း ဆေးရုံတွေ၊ ဘုရားဝင်းတွေမှာ တပ်စွဲနေပြီ။ မြို့တိုင်းမှာ ရခိုင်ပြည်နယ်ဘက်ကစစ်ဘေးရှောင်တွေ ရောက်လာကြသလို စစ်တပ်ကလည်း အကြောင်းမျိုးစုံနဲ့ဖမ်းနေပါတယ်။ ဒါက လက်ရှိ ဧရာဝတီအခြေ အနေပါ”ဟု ပုသိမ်ခရိုင်မှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ၎င်းတို့တပ်စွဲထားသည့်နေရာများလို့ ဆန်အိတ်များ၊ ရေသန့်ဘူးများ ပို့ဆောင်နေသည်ကိုတွေ့ရသည်ဟု ဒေသခံများကပြော

သည်။ လာရောက်တပ်စွဲသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ပြည်သူ့စစ်သင်တန်းဆင်းအများအပြားပါဝင်နေသည်ဟု ​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်းမြို့နယ်အများအပြား၌အရပ်ဝတ်များဖြင့် သ

တင်းစုံစမ်းထောက်လှမ်းနေသလို စစ်ကားများဖြင့်လည်း ကင်းလှည့်နေသည်ကို တွေ့နေရသည်။

“ဧည့်စာရင်းစစ်မယ်လို့ လိုက်ကြေညာနေတယ်။ စစ်ရှောင်တွေကို ပစ်မှတ်ထားမယ့်အနေအထားရှိတယ်။ ဖမ်းတာ ဆီးတာတွေလည်း လုပ်နေတယ်” ဟု ရေကြည်မြို့ခံတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် ဩဂုတ်လ ၁၆ရက်နံနက် ၉နာရီခန့်က စစ်ကောင်စီရေတပ်ဘက်၌ သေနတ်ပစ်ခတ်မှုများ ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့သည်။ ယနေ့(သြဂုတ်လ ၁၇ရက်)တွင်ပုသိမ်ကမ်းနားနှင့်မြစ်ဝ၌ ‌ စစ်ရေယာဉ် ရေယာဉ်အချို့ရှိနေကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်အတွင်း မြို့နယ်အများပြားသည်လည်း ရခိုင်ရိုးမ နှင့်ထိစပ်၍ ဆက်သွယ်သွားလာနိုင်သလို ၊ ပင်လယ်ရေကြောင်းဖြင့်ပါ ဆက်စပ်နေသည်။

AA၏ထိုးစစ်သည် ယခုအခါ ဂွမြို့အနီးရောက်ရှိလာပြီး ဂွနှင့် သံတွဲမြို့ကြားရှိ ကျိန္တလီမြို့၌လည်း တိုက်ပွဲများဆက်ဖြစ်နေသည်။ကျိန္တလီမြို့ပေါ်၌ စစ်ကောင်စီစခန်းများမရှိတော့ဘဲ လက်နက်ကြီးနှင့်လေကြောင်းမှတိုက်ခိုက်နေခြင်းဟု သတင်းရရှိသည်။

ဟင်္သာတခရိုင်အတွင်း ရခိုင်ရိုးမတနေရာ၌ စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ဩဂုတ်လဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်းသေဆုံးကြောင်း သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တပ်မကုန်း ကာကွယ်ရန် စစ်ကောင်စီတပ်က မြို့တွင်းစစ်ရေးလှုပ်ရှားမှုနေရာယူ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီး​နောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်​​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများရပ်တန့်သွားသည်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားပြီးဖြစ်သည့် ရှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျောင်းဆောင်ပျက်စီးပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။