Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာ ရုံးစည်ကြီးရဲစခန်းအား PDFများ တိုက်ခိုက်

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းအား ဆက်လက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ် အထိအခိုက်များကြောင်း သတင်းရရှိသည်။

တောင်သာမြို့အဝင်၌ တွေ့ရသော PDF ရဲဘော်များ။ဓာတ်ပုံ - တောင်သာ ပကဖ

ဇေအောင်/People’s Spring

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းအား ဆက်လက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ် အထိအခိုက်များကြောင်း သတင်းရရှိသည်။

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းအား ယမန်နေ့ သြဂုတ် ၁၇ ရက်က ဒရုန်းဖြင့် ဗုံးသီး ၄လုံး၊ သြဂုတ် ၁၃ ရက်က ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်ရှိကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်သာပကဖ)၏ Drone Team တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“၁၃ ရက်နေ့က လေးကောင်သေ အထိအခိုက် များတယ်။ Mi17လေယာဥ်နဲ့၈ခေါက်ပြန်ပြီးပစ်တယ်။ ကိုယ့်ဘက်ကလုံး၀အထိအခိုက်မရှိဘူး။

မနေ့ကချတာလည်း စခန်းထဲဒဲ့(တည့်)ကျတယ်။အထိခိုက်ရှိနိုင်တယ်။ အတိအကျတော့မသ်ိရသေးဘူး။”ဟု တောင်သာ ပကဖ၏ Drone Team တာဝန်ရှိသူက ပြောသည်။

အလားတူ တောင်သာ-မလှိုင်လမ်းပိုင်းကိုလည်း ယနေ့အထိ ဖြတ်တောက်ထိန်းချုပ်ထားကြောင်း တောင်သာပကဖက ပြောသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

သြဂုတ်၁၀ရက်က တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်းစစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်။

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ် ကောင်စီစခန်း နေရာလေးခု တိုက်ခိုက်မှုအတွင်း ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့် စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းအား ​ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် တောင်သာမြို့ပေါ် ထွေအုပ်ရုံး၊ မီးသတ်၊ ရဲစခန်းမှအပ ကျန်ရှိသော ဌာနဆိုင်ရာအားလုံး ရုံးပိတ်ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း၊ မြို့ပေါ်ကင်းလှည့်ပတ်မှုတွင် မီးသတ်ဝန်ထမ်းအချို့၊ စည်ပင်ဝန်ထမ်းအချို့ လိုက်ပါလှည့်ပတ်လျက်ရှိပြီး Non-CDM ဝန်ထမ်းများထွက်ပြေးတိမ်းရှောင်နေကြောင်း လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာက အသိပေးထားသည်။

စစ်ကောင်စီတပ်က တောင်သာမြို့တွင် လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများ ဗုံးခိုကျင်းတူးထားကြပါရန် ပကဖသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတိပေးသည်။

သတင်း

လုံခြုံရေးကြောင့်ပိတ်ထားခဲ့သည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ပဲခူးရိုးမစစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးကင်းလှည့်နေစဥ် ကျွန်းပင်နုများခုတ်လှဲ၍ သစ်ခိုးထုတ်နေသူအချို့ကို သတိပေးတားမြစ်ခဲ့ရကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။