Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲဖြစ်နေသည့်တောင်သာတွင် ရဲတပ်သားတစ်ဦး ထပ်မံအလင်းဝင်လာ

၂ ရက်အတွင်း ရဲ​တပ်သား ၂ ဦးအလင်းဝင်

အလင်းဝင်လာသော ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ဓာတ်ပုံ-တောင်သာပကဖ

ဇေအောင်/People’s Spring

တိုက်ပွဲဖြစ်ပွားနေသော မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်ထပ်မံအလင်းဝင်လာ၍ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခံရကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၇ ရက်က တောင်သာမြို့၌ တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများယူဆောင် အလင်းဝင်လာပြီးနောက် သြဂုတ်၁၈ရက်တွင်လည်း ရဲတပ်သားတစ်ဦး ထပ်မံအလင်းဝင်ရောက်လာကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အရင်ဝင်တဲ့ကောင်နဲ့ အတူတူပဲ။ သူရဲ့ချိတ်ဆက်မှုကနေတဆင့်ပေါ့။ သူတို့တပ်စွဲထားတဲ့ တောင်နီအေးကပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရဲတပ်သားသည် ရန်ကုန်မြို့ မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ တောင်သာမြို့နယ်၌ တာဝန်ကျနေသည့် ရဲတပ်သားသီဟဖြစ်ပြီး G-3အမျိုးအစား တစ်လက်၊ ကျည်၂၀၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ ကျပ်သိန်း ၅၀ကျပ် ချီးမြင့်ခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

သြဂုတ် ၁၇ ရက်ကလည်း တောင်သာမြို့၌တာဝန်ကျနေသည့် ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူဆိုသူသည် တောင်သာပကဖထံသို့ G-3အမျိုးအစား ၁ လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ ကျပ်သိန်း၅ဝ ဂုဏ်ပြု ချီးမြှင့်ခဲ့သေးသည်။

သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)ကြောင့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝင်အများအပြားသေဆုံးကာ စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ရရှိခဲ့သည်။

မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ်(ခ)ပျူစောထီးများ၊ Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

သတင်း

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် မြို့သုံးမြို့အားတိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း ဌာနဆိုင်ရာ စာရွက်စာတန်းများနှင့်ပစ္စည်းများ ဖျက်ဆီးပြီးထွက်ပြေးသွားသည့် NonCDM ဝန်ထမ်းများအရေးယူနိုင်ရေး သက်သေအချက်အလက်များ ရယူထားကြောင်း အဆိုပါဒေသပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ စစ်ကောင်စီ၏ ဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။