Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့လူထုလုံခြုံရေးပူးပေါင်းပါဝင် ထိန်းသိမ်းကြရန် ဒေသခံများအား MNDAA တိုက်တွန်း

စစ်သားစုဆောင်းခြင်းလုံးဝမရှိကြောင်း အသိပေး

လားရှိုးမြို့ခံများနှင့် MNDAA တာဝန်ရှိသူများ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

လားရှိုးမြို့ဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့သည် မြို့နယ်အသီးသီးတွင် လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) က ယနေ့ ထုတ်ပြန်ခဲ့ပြီး မြို့လူထုလုံခြုံရေးအတွက် ပူးပေါင်းပါဝင်ထိန်းသိမ်းရန် လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

လားရှိုးမြို့ဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ၏ လူထုအလုပ်အဖွဲ့သည် လားရှိုးမြို့နှင့် ပတ်သက် သည့် အထူးဒေသ(၁)၏ လက်ရှိမူဝါဒများကို ပြည်သူများ ပိုမိုနားလည်သဘောပေါက်လာစေရန်နှင့် ပြည်သူတို့၏ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်ပြီး လူထုတွေ့ဆုံပွဲကျင်းပနေခြင်းဖြစ်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့နှင့်ပတ်သက်သည့် MNTJPပါတီနှင့် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ၏ လက်ရှိမူဝါဒများကိုလည်း ဖော်ပြခဲ့ရာ MNDAA အနေဖြင့် လားရှိုးမြို့ဝင်ရောက်ပြီးနောက် ခိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစသည်တို့ကို အရှိန်မြှင့်နှိမ်နင်းခဲ့ကြောင်း၊အထူးဒေသ(၁) ရဲတပ်ဖွဲ့၏ လုံခြုံရေးအဖွဲ့ တည်ရှိမှုသည် မြို့ပြလုံခြုံရေးကို များစွာ တိုးတက်ကောင်းမွန်စေသော်လည်း လားရှိုးမြို့တစ်မြို့လုံးအတွက် လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း အသိပေးခဲ့သည်ဟု ဆိုသည်။

လားရှိုးမြို့သူ၊မြို့သားများအား တရားမ၀င် မှုခင်းမျိုးစုံကို ဖော်ထုတ်တင်ပြ တိုင်ကြားရန်နှင့် လားရှိုးမြို့လူထုလုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းထိန်းသိမ်းရန် ၊ပြည်သူများအနေဖြင့် လားရှိုးမြို့၏ လုံခြုံရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ဥပဒေအရာရှိများကို ပြည်သူတို့ကြီးကြပ်ကာ ပြည်သူတို့၏ တန်ဖိုးရှိသော အမြင်များ ပေးဆောင်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြသည်။

လားရှိုးမြို့သူ၊မြို့သားများ မိမိတို့၏မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိနိုင်စေရန်နှင့် လားရှိုးမြို့၏ လက်ရှိအခြေအနေအား ပြင်ပလောကမှ အလိုလိုသိမြင်လာစေရန်အတွက် ဆွေမျိုးများနှင့် မိတ်ဆွေများအား အင်တာနက်မှတစ်ဆင့် အသိပေးနိုင်စေရန် မျှော်လင့်ကြောင်း လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပြီး မြို့ပြဆက်သွယ်ရေးကွန်ရက်ကို အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များသည် ကွန်ရက်ဆက်သွယ်ရေးကိရိယာအချို့ကို ပြုပြင်လျက်ရှိကြောင်း၊ ယခုအခါ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)တွင် MYTELကွန်ရက်ဆက်သွယ်မှုကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။

ထို့ပြင် လားရှိုးမြို့ခံများ စိုးရိမ်နေကြသည့် စစ်မှုထမ်းခြင်းကိစ္စနှင့် ပတ်သက်၍ MNDAA အရာရှိကရှင်းပြရာ လက်ရှိတွင် လားရှိုးရှိ မဟာမိတ်တပ်ဖွဲ့သည် စစ်မှုမထမ်းမနေရ၊ စားနပ်ရိက္ခာ ပေးဆောင်ခြင်းနှင့် လူငယ်စုဆောင်းခြင်း လုံးဝမရှိကြောင်းအသိပေးကာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

အချို့သောလူများက မလိုလားအပ်သော ကောလာဟလများကို ဖြန့်ကျက်ပြီး လူထုက နားလည်မှုလွဲကာ ယင်းစကားကို နားမထောင်ရန်နှင့် မဟာမိတ်တပ်ကို ကြောက်လန့်စရာမလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

MNDAAသည် ဩဂုတ် ၃ရက်တွင်လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးကို ဖော်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)၏ အထူးဒေသ(၁) ကျန်းမာရေးဌာနအနေဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDMကျန်းမာရေးဝန်ထမ်းအများစု အပါအဝင် ဝန်ထမ်း ၅၀၀ခန့်ဖြင့် လည်ပတ်နေကြောင်း အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဘသက်က ပြောသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၂၉၆ဦးကို ထပ်မံလွှတ်ပေးလိုက်ကြောင်း MNDAA က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ် ၁၃ရက်အထိ လူဦးရေ ၂,၀၀၀ကျော် ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

သတင်း

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA )က သိမ်းပိုက်‌ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကမိုင်းရယ်မြို့တွင် ဌာနချုပ်အသစ်ဟုဆိုကာထပ်မံဖွင့်လှစ်လိုက်​ကြောင်းစုံစမ်းသိရသည်။