Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ကူညီရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

(တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်​ရှော့ တို့​တွေ့ဆုံးစဥ်။ဓါတ်ပုံ-Xinhua ၊ CGTN)

အီယိုရီ/People’s Spring

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ကူညီရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

ယမန်နေ့(သြဂုတ် ၂၀ရက်)က ဘေဂျင်းမြို့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို လက်ခံတွေ့ဆုံစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး တရုတ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားညီညွတ်ရေးနှင့် ပိုက်နက်နယ်မြေ ကာကွယ်ရေးအတွက် ခိုင်မာစွာ ပံ့ပိုးကူညီမည်ဟု မစ္စတာဝမ်ယိကပြောခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်​ရှော့ တို့​တွေ့ဆုံးစဥ်။ဓါတ်ပုံ-Xinhua ၊ CGTN)

ကုလအထူးကိုယ်စားလှယ်က မြန်မာ့အရေးဖြေရှင်းရာတွင် ဘုံသဘောတူညီချက်ရရှိရေး တရုတ်နှင့် အာဆီယံတို့နှင့် နီးကပ်သည့် ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောသည်။

အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံအပြီး ဘေဂျင်းကို သွားရောက်ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့သည် ပြီးခဲ့သည့် ဧပြီလဆန်းမှ စတင်ကာ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာအစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာကို တာဝန်ယူခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးလက်ခံပြီးနောက် ဂျူလီဘစ်ရှော့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ဇွန်လနှောင်းပိုင်းက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

သတင်း

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပြည်သူတရပ်လုံးကိုမျက်နှာမူကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်​ယိက ပြောကြားလိုက်သည်။

သတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီး​နောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်​​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများရပ်တန့်သွားသည်။

သတင်း

အာဏာသိမ်း​ခေါင်း​​ဆောင် မင်း​​အောင်လှိုင် နဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ်၁၄ ရက်မှာ ​နေပြည်​တော်မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့ပါတယ်။