Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သာကြီးတောင်ရဲကင်းစခန်းအား PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံး

စစ်သုံ့ပန်း သုံးဦးနှင့် လက်နက်ခဲယမ်းများရ

လံအဖြူထောင်သူ နှစ်ဦးနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်ရှိ သာကြီးတောင်ရဲကင်းစခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး စစ်သုံ့ပန်းအဖြစ် သုံးဦးဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂၀ရက် နံနက် ၄နာရီခန့်က ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်ရာ နံနက် ၁၁နာရီအချိန်တွင် စခန်းအား စီးနင်းနိုင်ခဲ့ကြောင်း မြိုင်ပကဖ၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး နှစ်ဦးမှာအလံဖြူထောင်အညံ့ခံကာ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

“စခန်းက သိမ်းလိုက်နိုင်တယ်ဗျ။ ဒါပေမယ့်ဒီကောင်တွေက စခန်းမှာမရှိတော့ဘူး။ ဘေးမှာရှိတဲ့တောတွေက အရမ်းကောင်းတာဆိုတော့ ဒီကောင်တွေက တောင်တောင်လျှိုမြောင်တွေထဲပဲနေကြတာ။ လေကြောင်း လာတာနဲ့ ကျွန်တော်တို့ရဲဘော်တွေ ဆုတ်ခဲ့တော့တာ။ ငါးကောင်မျက်မြင်သေတာ။ အလောင်းတွေတွေ့ခဲ့တယ်။ နှစ်ကောင်က အလံဖြူထောင်တာ။ တစ်ကောင်ကတော့ တိုက်ပွဲပြီးခါမှ ဖမ်းမိသွားတာ။”ဟု ​တိုက်ပွဲတွင်ပါဝင်သူ မြိုင်ပကဖရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် G3 ၂ လက်၊ BA94 ၄ လက် ၊ MA13 ၁ လက် ၊ ဒရုန်းပစ်သေနတ် ၁ လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ မိုင်းအမျိုးမျိုး နှင့် ကျပ်သိန်း ၆၀ ကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက အသိပေးသည်။

ဆက်လက်၍ အထိနာနေသော စစ်ကောင်စီတပ်အား လိုက်လံချေမှုန်းသော်လည်းလေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်ပကဖ၊ ပေါက်ပကဖ( တပ်ပေါင်းစု) ၊ FRF တပ်ဖွဲ့ ၊ BGF တပ်ဖွဲ့ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း ၊ ကမ္မတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြိုင်ပကဖနှင့် မဟာမိတ်အဖွဲ့များသည် သြဂုတ် ၇ရက်ကလည်း ကိုင်းတောမရဲစခန်း၊ သြဂုတ် ၈ ရက်က ဝက်ပုတ်ပျူစောထီးစခန်းများအား သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သားကြီး/People’s Spring စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြားမှ စစ်ကောင်စီကာကင်းစခန်းသုံးခုကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။ ထီးချိုင့်မြို့အနီး မြတောင်ရွာမှ စစ်ကောင်စီတပ်၏ရှေ့တန်းကာကင်းစခန်းသုံးခုကို ယနေ့(ဩဂုတ်လ ၂၁ရက်) နံနက်ပိုင်းတွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ Public Service Announcement ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက...

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း နွားထိုးကြီး Nayogyi People Defense Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ရွာစစ်ကောင်စီတပ်ဂိတ်စခန်းအား သွားရောက်တိုက်ခို​က်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး G3 သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force - UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။