close
Connect with us

Hi, what are you looking for?

သတင်း

ကချင်အထူးဒေသ(၁) ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းနှင့်မိသားစု တရုတ်နိုင်ငံ၌ရောက်ရှိနေဟု သတင်းရင်းမြစ်အချို့ပြော

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဦးဇခုန်တိန့်ယိန်းသည် တရုတ်နိုင်ငံ ထိန်ချုန်းမြို့၌ ရှိနေပြီး အသက်အရွယ်နှင့် ကျန်းမာရေးအရ မကြာခဏ ဆေးခန်းပြသနေရသည်ဟု ကြားသိရကြောင်း ပြောသည်။

(စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနှင့် ၎င်း၏ မိသားစုသည် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိနေသည်ဟု သတင်းရရှိကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်အထူးဒေသ(၁)နယ်မြေ တစ်ခုလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည့် အခြေအနေတွင် ဦးဇခုန်တိန့်ယိန်း သေဆုံးသည်ဆိုသည့် သတင်းနှင့်၎င်း၏သား ဇခုန်ယိန်းဆောင် တရုတ်နိုင်ငံဘက်တွင် အဖမ်းခံရသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဦးဇခုန်တိန့်ယိန်းသည် တရုတ်နိုင်ငံ ထိန်ချုန်းမြို့၌ ရှိနေပြီး အသက်အရွယ်နှင့် ကျန်းမာရေးအရ မကြာခဏ ဆေးခန်းပြသနေရသည်ဟု ကြားသိရကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဦးဇခုန်တိန့်ယိန်း၏ သမီးဖြစ်သူသည် KIAက ထိုးစစ် စတင်သည့်ကာလက တရုတ်နိုင်ငံဘက်ရှိ ၎င်းတို့၏ နေအိမ်များကို သန့်ရှင်းရေး လုပ်ဆောင် သည်ဟု သတင်းရရှိကြောင်း ပြောသည်။

“ဇခုန်တိန့်ယိန်းကျတော့ ကျန်းမာရေးက မကောင်းတော့ အသက် ၈၀ကျော်ဆိုတော့ထိန်ချုန်းမှာ ရှိတယ်လို့ ပြောကြတယ်။ သူက သုံးရက်မှာ ဆေးခန်းတစ်ခေါက်သွားတယ်လို့ အဲဒီလို ပြောကြတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဇခုန်တိန့်ယိန်း၏သား ဇခုန်ယိန်းဆောင်ကို တရုတ်ဘက်က နိုဝင်ဘာ ၂ရက်တွင် ဖမ်းလိုက်သည်ဟု သတင်းများ ကြားရသော်လည်း ဟုတ်မဟုတ် အတည်မပြုနိုင်ဟု ၎င်းကဆိုသည်။ ဇခုန်းယိန်းဆောင်သည် တရုတ်ဘက်၌ နေထိုင်ပြီး ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များ အား KIA ကို ပြန်လည်ခုခံတိုက်ခိုက်ရန် ညွှန်ကြားနေသူ ဖြစ်သည်ဟု ဆိုသည်။

အခြားကချင်သတင်းရင်းမြစ်က ဇခုန်ယိန်းဆောင် ဖမ်းဆီးခံရမှု အတည်ပြု၍ မရဟု ပြောသည်။

” သူ့ အဖေတောင် တရုတ်မှာနေနေတာ။ သူတို့မှာလည်း တရုတ်မှတ်တပုံတင်ရှိတယ်လို့ကြားတယ်။ အိမ်တွေလည်း ရှိတယ် သူတို့မှာ”ဟု ၎င်းက ပြောသည်။

KIA၏ ကချင်အထူးဒေသ(၁) ထိုးစစ်သည် ယခုနှစ်စက်တင်ဘာလကုန်ပိုင်းတွင် အရှိန်မြှင့်ဆင်နွှဲခဲ့ရာ တစ်လကျော်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော် မြို့များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့ပြင် ဦးဇခုန်တိန့်ယိန်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း သုံးခုဖြစ်သော BGF-၁၀၀၁၊ BGF -၁၀၀၂၊ BGF-၁၀၀၃ တပ်ရင်းများ၊ စစ်ကောင်စီ ဗျူဟာနှင့် စခန်းများ၊ BGFနှင့် ပြည်သူ့စစ်စ ခန်းများစွာ ကို KIAက အချိန်တိုအတွင်း သိမ်းပိုက်ခဲ့သည်။ ၂၀၂၄ ဇွန်လအတွင်းကလည်း ဆဒုံးဒေသကို KIAက သိမ်းပိုက်ခဲ့သည်။

ပန်ဝါမြို့သိမ်းတိုက်ပွဲတွင် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIAက ချိတ်ပိတ်ခဲ့သည်။

ဦးဇခုန်တိန့်ယိန်း၏ ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDAK)သည် စစ်အစိုးရ နှင့် ငြိမ်းချမ်းရေး ယူပြီးနောက် ၂၀၀၉တွင် နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းကာ စစ်တပ်အလိုက်ကျ လိုက်ပါလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ ၂၀၂၄ ဇွန်လတွင် ဦးဇခုန်တိန့်ယိန်းသည် KIA/PDFများကို တိုက်ခိုက်ချေမှုန်းရန် စစ်မိန့်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း ၎င်း၏ လက်အောက်ခံတ ပ်ဖွဲ့များအနေဖြင့် KIA၏ ထိုးစစ်အောက်တွင် အချိန်တိုအတွင်းကျရှုံးခဲ့သည်။ ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်သည် မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ယခုနှစ် စက်တင်ဘာ ဒုတိယပတ်တွင် သတိပေး ပြောကြားခဲ့ပြီးနောက် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်အထူးဒေသ(၁)ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မတိုက်ခိုက်မှု ဦးဇခုန်တိန့်ယိန်း လက်အောက်ခံ တပ်ဖွဲ့များ KIO/KIAနှင့် ပူးပေါင်းရန် ကိုယ်စားလှယ် စေလွှတ်ဆွေးနွေးမှုပင် ပြုလုပ်ခဲ့သော်လည်း ဦးဇခုန်တိန့်ယိန်းဘက်က လက်မခံခဲ့ကြောင်း၊ ထိုသို့ လက်မခံခဲ့ခြင်းမှာလည်း ဦးဇခုန်တိန့်ယိန်း နှင့်မိသားစု၏ အကျိုးစီးပွားသည် စစ်ကောင်စီလက်ထဲ၌ရှိနေ၍ ဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံကို မြန်မာ့အိမ်နီးချင်းကောင်းတစ်နိုင်ငံအဖြစ် သဘောထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်သည်။

သတင်း

BGF (၁၀၀၁)တပ်ရင်း အခြေစိုက်ရာ ဖီမော်ဒေသ၌ ဇခုန်ယိန်းဆောင် ရှိနေဟုဆို

ဆောင်းပါး

"မထုတ်ပြန်သင့်သော စစ်မိန့်" လို့ KIO​/KIA ခေါင်း​ဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးပြီးတဲ့နောက် ကချင်ပြည်နယ်က စစ်ကောင်စီရဲ့ အကြီးဆုံးဒေါက်တိုင် ဦးဇခုန်တိန့်ယိန်းရဲ့ နေဝင်ချိန်ရောက်လာပြီလို့ ကချင်နဲ့မြန်မာ့နိုင်ငံရဲ့အသိုင်းအဝိုင်းမှာ လူပြောများလာပါတယ်။

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ကချင်ပြည်နယ်အတွင်းသို့တရုတ်နိုင်ငံနယ်စပ်မှအည်အ​သွေးနိမ့်သုံးကုန်ပစ္စည်းများဝင်ရောက်လာကြောင်း ဒေသခံများကပြောသည်။

Facebook