close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံဘက်မှ အရည်အသွေးနိမ့်ကုန်ပစ္စည်းများဝင်​ရောက်လာဟု​ ဒေသခံများပြော

ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ကချင်ပြည်နယ်အတွင်းသို့တရုတ်နိုင်ငံနယ်စပ်မှအည်အ​သွေးနိမ့်သုံးကုန်ပစ္စည်းများဝင်ရောက်လာကြောင်း ဒေသခံများကပြောသည်။

မြန််မာ-တရုတ်နယ်စပ် တစ်​နေရာ ။ ဓါတ်ပုံ-CJ

ရွှေပြည်စိုး/People’s Spring

ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ကချင်ပြည်နယ်အတွင်းသို့တရုတ်နိုင်ငံနယ်စပ်မှအည်အ​သွေးနိမ့်သုံးကုန်ပစ္စည်းများဝင်ရောက်လာကြောင်း ဒေသခံများကပြောသည်။

ကချင်ပြည်နယ်မှာ တရုတ်နှင့်နယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်နယ်စပ်ဂိတ်ပိတ်ထားခြင်း၊ စစ်ကိုင်းနှင့် မန္တလေးမြို့ဘက်မှ ကုန်ကားများမဝင်ရောက်​တော့သဖြင့် ကံပိုက်တည်နယ်စပ်ဂိတ်ကိုသာ အားကိုးနေရချိန်တွင် ထိုဂိတ်မှတဆင့် အရည်အ​သွေးနိမ့်ကုန်ပစ္စည်းများဝင်ရောက်နေခြင်းဟု ဆဒုံး၊ဝိုင်းမော်၊မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်တို့မှ ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ဘာတံဆိပ်တွေမှန်းမသိတဲ့ သွားတိုက်ဆေးတွေ၊ ဘီယာတွေ၊ အရက်တွေ၊ နောက်ဆုံး ရယ်ဒီမိတ်ကွမ်းယာဆိုပြီး ပါလာတယ်။ တံဆိပ်တွေက ကြည့်ရင် နံမည်ကြီးတံဆိပ်လိုလို နဲ့ စာကိုပေါင်းကြည့်လို့တောင် မတတ်ဘူး” ဟု ဆဒုံးမြို့ခံတစ်ဦးကပြောသည်။

လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေချိန် ကံပိုက်တည်နယ်စပ်ဂိတ်မှတဆင့် ဝင်လာသည့် ကုန်စည်များကိုသာ အားကိုးနေရပြီး တဆိပ်မျိုးစုံနှင့်အိမ်သုံးကုန်ပစ္စည်းအတုများ ဝင်ရောက်နေခြင်းဟု ဝိုင်း မော်မြို့ခံတစ်ဦးကပြောသည်။

“မြန်မာပြည်ဘက်မှာက စျေးဆိုင်တွေအကုန်လုံး ခါလီတွေဖြစ်ကုန်ပြီ။ တရုတ်ကားတွေဝင်လာရင် ပြိုက်ကနဲ့ကုန်တာ။ ဘီယာတွေဆိုလည်းအတုတွေ။ ကျနော်သောက်ကြည့်တာ ချွေးတွေအရမ်းထွက်ပြီး အရမ်းနံတယ်။ ကွမ်းယာဆိုလည်း ကွမ်း

ရွက်မပါတဲ့ ရယ်ဒီမိတ်ကွမ်းယာတွေ။ ရေရှည်မှာ ကျန်းမာရေးအတွက် ပြဿနာတွေကြီးနိုင်တယ်” ဟု မြစ်ကြီးနားမြို့ခံတဦးကပြောသည်။

ဆန်းနှင့်ဆီကဲ့သို့ စားသောက်ကုန်များမှာမူ တရုတ်နိုင်ငံဘက်သို့မှီခိုရန်မလိုအပ်ဘဲ ဒေသတွင်းထုတ်

လုပ်မှုဖြင့် အဆင်ပြေနေကြောင်း၊ ပြည်တွင်းထုတ်

မဟုတ်သည့်ကုန်ပစ္စည်းများလိုအပ်နေချိန်၌ တရုတ်ဘက်မှ အများအပြားဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ကံပိုက်တည်ဂိတ်တစ်ခုတည်းကိုသာ တရုတ်ဘက်ကဖွင့်ပေးထားသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်၊ MNDAA ထိန်းချုပ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) ဂိတ်၊ TNLA က နမ့်ခမ်းမြို့တွင် အသစ်ဖွင့်လှစ်လိုက်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် KIA က ထိန်းချုပ်ထားသည့် လွယ်ဂျယ်မြို့နယ်စပ်ဂိတ်များကို တရုတ်ကပိတ်ထားသည်။

မြဝတီ၊တာချီလိတ်နှင့် ကော့သောင်းနယ်စပ်ဂိတ်များမှ ထိုင်းကုန်စည်များ ဝင်ရောက်သော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ယခင်ကကဲ့သို့ လုံလုံလောက်လောက်တင်သွင်းနိုင်ခြင်းမရှိတော့ချေ။ ထိုင်းကုန်စည်များသည် တရုတ်ထုတ်ကုန်များထက် အရည်အသွေးကောင်းသလို စျေးလည်းကြီးသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံဘက်မှ အရည်အသွေးနိမ့်ကုန်ပစ္စည်းများ ဝင်ရောက်နေခြင်းဟု ကုန်သည်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးတွေ အရမ်းသည်းသည်းထန်ထန် ရွာတဲ့အခါ မြို့ထဲက ရေဆင်းစနစ်တွေ မနိုင်မနင်း ဖြစ်ကုန်ပြီး မြေနိမ့်ပိုင်း ဧရိယာ အတော်များများ ရေလွှမ်းကုန်ပါတယ်။ ပြီးတော့ မြေပြိုမှုတွေလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများက မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

တရုတ်နဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေ တွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ဖို့အပြင် ထိုင်ဝမ်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် အကြောင်းအရာ တော်တော်များများကို ထည့်သွင်း ညှိနှိုင်းသွားမယ်လို့ ယုံကြည်ရပါတယ်။

သတင်း

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ရွက်လိုကြောင်း တစိုက်မတ်မတ် ပြောကြားခဲ့ပြီး တည်ငြိမ်ရေးအတွက် ကြိုးစားပြီး ကူညီဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း ဦးကျော်ဇောက ပြောသည်။

Facebook