close
Connect with us

Hi, what are you looking for?

သတင်း

မင်းလှ နှင့် အုတ်ဖိုတွင် လူ ၂၀ ခန့်ကိုစစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

မင်းလှမြို့နယ်မှ ပေါ်တာဆွဲဖမ်း ဆီးထားသော လူငယ်များကို စစ်ကောင်စီတပ်က မြို့နယ်ထွေအုပ်ရုံးဝင်းအတွင်းဖမ်း ဆီးထားပြီး အုတ်ဖိုမြို့နယ်မှလူငယ်တစ်ဦးကိုမူ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ဆိုခြင်းကို မသိရသေးပေ။

(မင်းလှထွေအုပ်ရုံး၌ စုဝေးနေသော စစ်ကောင်စီတပ်သားနှင့် ရဲများကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-စစ်​ကောင်စီ)
(မင်းလှထွေအုပ်ရုံး၌ စုဝေးနေသော စစ်ကောင်စီတပ်သားနှင့် ရဲများကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-စစ်​ကောင်စီ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

စစ်မှုထမ်းရန်ဟုဆိုကာ စစ်ကောင်စီတပ်က မင်းလှမြို့နယ်မှ လူငယ် ၁၇ ဦးနှင့် အုတ်ဖိုမြို့နယ်မှ လူငယ်တစ်ဦးတို့ကို နိုဝင်ဘာလ ၈ ရက် ၊၉ ရက် နှင့် နေ့များတွင် နေအိမ်အထိလိုက်လံဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဒေသ ခံများက ပြောသည်။

မင်းလှမြို့နယ်တွင်း ပေါ်တာဆွဲဖမ်းဆီးမှုတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ညက ပက်တန်းလေး၊ ပက်တန်းကြီး၊ မုက္ခာရွာများမှ လူငယ်သုံးဦး ကိုလည်း​ကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်း ဆင်တဲကုန်းရွာမှ ငါးဦး၊ ဂွေးထောက်ကုန်းရွာမှ ကိုးဦး စုစု​ပေါင်း ၁၇ ဦးဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“မုက္ခာက ကျော်သူဝင်းဆိုရင် သိန်း ၆၀ ပေးတာတောင် ပြန်မလွတ်ပေးဘူးလို့ သိရတယ်။ အစက သိန်း ၆၀ ပေးရင် ပြန်လွှတ်ပေးမယ်ဆိုလို့ မြို့ပေါ်မှာ ချက်ချင်းလိုက်ထုတ်တာ။ ဟိုရောက်တော့မှ ၆၀ ပေးလည်းမရဘူးဆိုပြီး ပြန်လွှတ်မပေးဘဲထားတယ်”ဟု မင်းလှမြို့ နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ရေကာတာကျေးရွာမှ လူငယ်တစ်ဦးကို စစ်မှုထမ်းစာရင်း၌ပါသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများက နေ အိမ်ပေါ်တက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းလှနှင့် အုတ်ဖိုအပါ အဝင် သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိရာ ယခင်က လူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် လဲလှယ်၍ ပြန်လွှတ်ပေးသည့်ဖြစ်စဥ်များရှိခဲ့သော်လည်း ယခုနောက်ပိုင်း ငွေ​ပေးလျင်လည်းမရ​တော့ကြောင်း ဒေသခံပြည်သူများက ဆို သည်။

“စောစောပိုင်းတုန်းက အကပ်မရှိတဲ့သူဆိုရင် သိန်း ၁၅၀ လောက်ပုံပေးရင် ပြန်လွှတ်ပေးတာမျိုးရှိတယ်။ အကပ်ကောင်းရင်တော့ သိန်း ၆၀ လောက်ဆို လွှတ်ပေးတယ်။ အခုက ငွေပေးတာတောင် မလွှတ်ပေးဘူးဆိုတော့ တပ်သားသစ်လိုအပ်ချက် တော်တော်များနေလို့ဖြစ်မယ်”ဟု ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပေး သည်။

လက်ရှိတွင် မင်းလှမြို့နယ်မှ ပေါ်တာဆွဲဖမ်း ဆီးထားသော လူငယ်များကို စစ်ကောင်စီတပ်က မြို့နယ်ထွေအုပ်ရုံးဝင်းအတွင်းဖမ်း ဆီးထားပြီး အုတ်ဖိုမြို့နယ်မှလူငယ်တစ်ဦးကိုမူ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ဆိုခြင်းကို မသိရသေးပေ။

စစ်​ကောင်စီက ၂၀၂၄ ​ဖေ​ဖော်ဝါရီလတွင် စစ်မှုမထမ်းမ​နေရ ဥပ​ဒေကိုပြဌာန်းပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းလူငယ်များကို သင်တန်း တစ်သုတ်လျင် ၅၀၀၀ ဦးနှုန်းဖြင့် အဓမ္မစစ်မှုထမ်းခိုင်း​နေခြင်းဖြစ်သည်။ စစ်သားသစ်စု​ဆောင်းပြီး တိုက်ပွဲပြင်းထန်​သော​ဒေသများသို့ပို့​ဆောင်စစ်တိုက်ခိုင်းရာ ​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူများစွာရှိ​နေ​ကြောင်း ​​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်အပိုင် ၊ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံအနီး၌အောက်တိုဘာလ ၄ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)ကသတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်နှိပ်စက်၍ ပြည်သူတစ်ဦးအ သက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများက People's Spring သို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်‌ဇော်ဝင်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကလေးတစ်ယောက်၏မိခင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောကြားသည်။