close
Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့ အေးမြသာယာနယ်မြေစခန်းမှူးကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်‌ဇော်ဝင်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

မိထက်/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်‌ဇော်ဝင်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

အေးမြသာယာနယ်မြေရဲစခန်းမှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ကို စက်တင်ဘာ ၁၆ရက် ညနေ ၃နာရီခွဲတွင် ရဲစခန်းအနီး ပစ်ခတ်တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဆူညံပွက်လောရိုက်သွားတယ်။ လူနာတင်ကားနဲ့ လာ ခေါ်သွားတယ်။ စစ်ကားလာတယ်”ဟု အုတ်ဖိုမြိုခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စခန်းမှူး ရဲအုပ်‌ဇော်ဝင်းနှင့် သတင်းပေး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြို့ခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် အေးမြသာယာရဲစခန်းမှ အရပ်ဝတ်ဖြင့် ခြေလျင်လာသည့် အင်အား၅ဦးပါအဖွဲ့အား အထက်တန်းကျောင်းရှေ့ လမ်းပေါ်၌ တိုက်ခိုက်ခဲ့ခြင်းဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ထားသည်။

စခန်းမှူး ဇော်ဝင်းနှင့် ရဲသတင်းပေး ကိုသက်တို့ နေရာတွင် သေဆုံးပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံးတစ်လုံး၊ အခြားပစ္စည်းများနှင့် ပေါ်တာစွဲရန် နံမည်ရေးထားသည့် စာရင်းစာရွက် တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများအား မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုက်ခိုက်မှုအတွင်း လက်နက်ကြီးများ ကျရောက်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်စဉ် PDF ရဲဘော်တစ်ဦးကျဆုံး၊ စစ်​ကောင်စီ၏ ပိတ်ဆို့မှုများ​ကြောင့် ​ရေ​ဘေးကယ်ဆယ်​ရေးမ​ရောက်၍ ပြည်သူများအာရုံစိုက်​ပေးရန် PDF ​တောင်းဆို