close
Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ် ဆားချောင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီအရာရှိအပါအဝင် ခုနစ်ဦးသေဟု PDF ပြော

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဆားချောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း(MDF – Special Force)ထံမှ သတင်းရရှိသည်။

သာယာဝတီခရိုင် အမှတ်(၃) တပ်ရင်း(MDF - Special Force)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MDF

မိထက်၊ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဆားချောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း(MDF – Special Force)ထံမှ သတင်းရရှိသည်။

ယခင်ရက်ကတိုက်ပွဲအတွင်း အထိနာ၍ အင်အားဖြည့်ပြီးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က ပြောက်ကျားနည်းဖြင့် အသာစီးရယူတိုက်ခိုက်ခဲ့ခြင်းဟု သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း(MDF – Special Force)တပ်ရင်းမှူးဗိုလ်စောဂျိမ်းစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီဘက်က ခုနစ်ယောက်သေတယ်။ သေတဲ့အထဲမှာ အရာရှိပါတယ်။ ညနေပိုင်းမှာ လက်နက်ကြီးတွေလက်နက်ငယ်တွေနဲ့ ပစ်ပြီး အလောင်းလာကောက်ကြတာ။ ညတွင်းချင်းမြို့ကိုပို့တယ်”ဟု ဗိုလ်စောဂျိမ်းစ်က ပြောသည်။

တိုက်ပွဲမှာ ၁နာရီနီးပါးကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် အင်အားဖြည့်တင်း၍ ညတွင်းချင်းစစ်ကြောင်းပြန်ထိုးခဲ့သလို ယနေ့(ဩဂုတ် ၃၁ရက်)နံနက်တွင်း စမ်းဘုတ်ကျေးရွာအတွင်း ရောက်ရှိနေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲမှာ ကျတော်တို့နဲ့ ပေ ၃၀တောင်မဝေးပါဘူး။ ရန်သူကျသွားတာ မြင်ရတယ် တွေ့ရတယ်ပေါ့”ဟု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို ဗိုလ်စောဂျိမ်းက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသွားသူများ၏ လက်နက်များကောက်ယူရန် ကြိုး ပမ်းချိန်တွင် မိမိရဲဘော်နှစ်ဦးမှာ ရန်သူ့တပ်များကြားရောက်ရှိနေရာ ပြန်လည်ကယ်ထုတ်ရန် ဦးစားပေးလုပ်ဆောင်ရခြင်း၊ လူကယ်ပြီးနောက် လက်နက်ကောက်ရန် ထပ်မံကြိုးစားသော်လည်း ရန်သူ့တပ်ကူများရောက်ရှိလာခြင်းကြောင့် ကောက်ယူနိုင်ခြင်းမရှိခဲ့ဟု ဗိုလ်စောဂျိမ်းက အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေးအမျိုးအစား ဒရုန်းတစ်စင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပြန်လည်စ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွင် ဒရုန်းနှစ်စင်းပါဝင်လာကြောင်း သတင်းရရှိသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းခွဲ၍ အင်အား ၁၅ဝ ခန့်ဖြင့် ဆားချောင်းကျေးရွာသို့ အင်အားဖြည့်တင်းထားပြီး တိုက်ပွဲနှင့် မသက်ဆိုင်သည့်ပတ်ဝန်းကျင် ကျေးရွာများကိုလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်လျက်ကြောင်း သာယာဝတီခရိုင် အမှတ်(၃) တပ်ရင်း(MDF – Special Force)က သတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအတွင်း လက်ပံတန်းမြို့နယ်တွင် သြဂုတ် ၂၄ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ သြဂုတ် ၂၇ ရက် အတောင်တန်းမြိုင်ကျေးရွာအနီးတိုက်ပွဲတွင် ခလရ (၃၅)ယာယီတပ်ရင်းမှူး ဗိုလ်မှူးအော်ဇော်နှင့် ခလရ(၁၄)ခွဲမှူးမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ် ပေါ်တာဆွဲခံရသည့် လူငယ်နှစ်ဦးအား ကျပ်သိန်း ၁၃၀ဖြင့် ပြန်လည်ရွေးခဲ့ရပြီး အချို့ဒေသတွင် စစ်မှုထမ်းရန် တိမ်ရှောင်သူများအား မိသားစုဝင်များ အစားထိုးခေါ်ယူနေကြောင်း ဖြစ်စဥ်နှင့်ဆက်စပ်သူများက ပြောသည်။

သတင်း

တရုတ်ခြိမ်းခြောက်စာအပေါ် TNLA ဗဟိုကော်မတီဆွေးနွေးနေပြီး တုံ့ပြန်ခြင်းမရှိသေး

သတင်း

တိုက်ပွဲချက်ချင်းမရပ်ပါက ဆုံးမသွန်သင်သည့် နည်းလမ်းပိုလုပ်မည်ဖြစ်ပြီး အကျိုးဆက်ကို TNLA တာဝန်ယူရမည်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၍ ချောင်းဦး-ပခုက္ကူလမ်းပိုင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။