close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ် ၂၀ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း ပခုက္ကူတပ် Burma Revolution Rangers ထုတ်ပြန်

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစုဆောင်ခံခဲ့ရသူ ၂၀ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် Burma Revolution Rangersတပ်ဖွဲ့ က ယနေ့(ဩဂုတ် ၆ရက်) ထုတ်ပြန်သည်။

သြဂုတ် ၅ရက်က ကယ်ထုတ်ခဲ့သော အဓမ္မစစ်တပ်သားသစ် လူငယ်ငါးဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - Burma Revolution Rangers

သြဂုတ်-၆၊ ၂၀၂၅။တာရာ/Peoples Spring

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစုဆောင်ခံခဲ့ရသူ ၂၀ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် Burma Revolution Rangersတပ်ဖွဲ့ က ယနေ့(ဩဂုတ် ၆ရက်) ထုတ်ပြန်သည်။

တစ်လအတွင်းကယ်ထုတ်ခဲ့သည့် စစ်မှုထမ်းတပ်သားသစ်၂၀ဦးမှာ နေပြည် တော်၊ မန္တလေး၊စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ကန့်ဘလူ၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့မှ လူငယ်များဟု ဖော်ပြသည်။

၎င်းတို့သည် မကွေးတိုင်း ၊ ပခုက္ကူမြို့ရှိ အမှတ်(၁၀၁)ခြေမြန်တပ်မဌာန ချုပ်(တပ်မ ၁၀၁)နှင့် လက်အောက်ခံ ခလရ (၂၅၁)၊ခလရ(၂၅၂)နှင့် ခလရ(၂၃၅)တပ်ရင်းတို့တွင် ပို့ဆောင်ခံခဲ့ရပြီး စစ်မှုထမ်းတပ်သားအဖြစ် ရောက်ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြောရမယ်ဆို ကယ်ထုတ်ရတဲ့သူတွေက တစ်လတောင်မပြည့်သေးဘူး။ပြီးခဲ့တဲ့လ ၁၂ရက်ကစပြီး အခုမနေ့က အထိပေါ့။အားလုံးကို လုံလုံခြုံခြုံနဲ့ သူတို့စိတ်ဆန္ဒအတိုင်းထားတယ်”ဟု Burma Revo lution Rangers တပ်ဖွဲ့ တာဝန်ခံကိုဒီမိုက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်အား ပြန်တိုက်မည့်သူအချို့လည်းရှိပြီး မိဘဆွေမျိုးများနှင့် ချိတ်ဆက်၍ ပြန်လိုသူများကိုလည်း ပြန်လည်ပို့ဆောင်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

ထွက်ပြေးလာရသည့်အခြေအနေအရပ်ရပ်ကြောင့် အဓမ္မစစ်မှုထမ်းတပ်သား ၂၀ဦးအနက် တစ်ဦးသာ လက်နက်ခဲယမ်းပါရှိလာခဲ့ကြောင်းလည်း သိရသည်။

“အလုပ်ကနေပြန်ရင်း ဆွဲခံရတာ။အိမ်ပေါ်တက်ဆွဲခံရတဲ့လူငယ်တွေ ချည်းပဲ”ဟု ကယ်ထုတ်ခဲ့ရသော အဓမ္မစစ်မှုထမ်းတပ်သားများအကြောင်းကို ကိုဒီမိုက ပြောသည်။

စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းမှုပြင်းထန်လာသည့် စစ်မှုထမ်းအန္တရာယ်​ကြောင့် လူငယ်နှင့် လူလတ်ပိုင်းများအနေဖြင့် မဖြစ်မီက ကြို တင်ကာကွယ်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အဓမ္မစုဆောင်းခံရသူ စုစုပေါင်း ၃၀ခန့် ကို ကယ်ထုတ်ထား ကြောင်း Burma Revolution Rangersတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

၂၀၂၄ ဖေဖော်ဝါရီကစ၍ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အပတ်စဥ်တစ်ခုလျှင် လူငါးထောင်စုဆောင်းခဲ့ရာ လက်ရှိတွင် အပတ်စဥ်(၁၆) ရောက်ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်၊ လက်နက်ချနှင့် စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။

အလင်းဝင်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချိတ်ဆက် အကူအညီပေး​နေသည့် ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ဇူလိုင်လအတွင်းအလင်းဝင်ပူးပေါင်း၊ လက်နက်ချနှင့် စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂၄၃ ဦးရှိကြောင်း အဲဒီအဖွဲ့၏ အပတ်စဥ်ထုတ်ပြန်ချက်အရ သိရသည်။

အလင်းဝင်သူစုစုပေါင်း ၁၃၂ ဦးရှိသည့် အနက်၈၀ဦးသည် စစ်မှုထမ်းတပ်သား သစ်တွေဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ အပတ်စဥ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ဇူလိုင်လပထမလဝက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးရှိပြီးသုံးပုံတစ်ပုံမှာစစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုထံ အတင်းအဓမ္မဆက်ကြေးကောက်နေသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်တစ်လက်ရရှိခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒီမိုက ပြောသည်။