close
Connect with us

Hi, what are you looking for?

သတင်း

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲပြန်ဖြစ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဩဂုတ်၁၀ရက်)ထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

သြဂုတ်-၁၀၊၂၀၂၅။ရဲခေါင်/Peoples Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဩဂုတ်၁၀ရက်)ထုတ်ပြန်သည်။

ယခုတိုက်ပွဲသည် ကရင်နီတပ်ပေါင်းစု၏ ၂၀၂၃ နိုဝင်ဘာကစတင်သည့် ၁၁၁၁စစ်ဆင်ရေးနောက်ပိုင်း ပြန်လည်ထိတွေ့မှုဖြစ်ခြင်းဟု ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် လက်ရှိစစ်ရေးအခြေအနေအရ လွိုင်ကော် – ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို ယနေ့(သြဂုတ် ၁၀ ရက်)ကစ၍ သွားလာခြင်းမပြုရန်နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လမ်းကြောင်းကို ပြန်ထိန်းချုပ်ဖို့ပြီးတော့ ပြတ်တောက်နေတဲ့ ထောက်ပို့လမ်းကြောင်းတွေ ပြန်ချိတ်ဆက်ဖို့ဖြစ်နိုင်တယ်”ဟု KNDFတာဝန်ရှိသူက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုအခြေအနေအပေါ် ရှင်းပြသည်။

ဩဂုတ် ၈ ရက်ကစ၍ ဒီးမော့ဆိုမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလှုပ်ရှားမှုများ စတင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကလည်း ဒီးမော့ဆို-ဖရူဆိုလမ်းတစ်လျှောက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အသိပေးသည်။

“အခုက တပ်ထဲကနေထွက်လာပြီး နယ်မြေပြန်ချဲ့ချင်လာတဲ့သဘောမျိုးလည်း ဖြစ်တယ်။အခုက စစ်ကြောင်းထိုးလာနေတဲ့ အဖွဲ့နဲ့ပြန်ခုခံတဲ့ တိုက်ပွဲမျိုး”ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ မြို့စောင့်တပ်ရင်းနှစ်ခုဖြစ်သော ခလရ(၁၀၂)နှင့် ခမရ (၄၂၇)တပ်ရင်းမှအပ မြို့နယ်၏ ဧရိယာအများစုကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားခြင်းဖြစ်သည်။

“သူတို့ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုလမ်းမကြီးကို ပြန်ထိန်းချုပ်ထားနိုင်ဖို့ပဲဖြစ်လိမ့်မယ် ။ လောလောဆယ်တော့ ဒီးမော့ဆိုနဲ့ ဖရူဆို လမ်းမကြီးက ပိတ်ထားတာကြာပြီဆိုတော့ သူတို့ လမ်းကြောင်းပြန်ထိုးဖောက်ချင်တာမျိုး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခလရ(၁၀၂)နှင့် ခမရ(၄၂၇)တပ်ရင်း ပူးပေါင်းစစ်ကြောင်းသည် မြို့တွင်းသို့ စစ်ကြောင်းထိုးလာစဥ် စစ်ရှောင်ပြည်သူများပါသည် ကားတစ်စီးကို ဖမ်းဆီးထားပြီး ပစ်သတ်ခံရသည့် ပြည်သူအချို့ပါရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင်နှင့်ချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းတော်လှန်ရေးတပ် ဖွဲ့အချို့အကြားဩဂုတ်လဆန်းပိုင်းအတွင်း တိုက်ပွဲအချို့ ဆက်ရှိနေသော်လည်း ပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အအရှေ့ခြမ်း၌ စစ်ရှောင်ပြည်သူများလိုက်ပါသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် တာဝန်ရှိသူများက ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သား သစ်များအား အတင်းအကြပ် ခြိမ်းခြောက်ပြီး တိုက်ပွဲဝင်ခိုင်းနေကြောင်း ကျောက်ဖြူစစ်မြေပြင်မှ AA ထံ အလင်းဝင်လာသူ တပ်သား မောင်မောင်ဝင်းက ပြောသည်။