close
Connect with us

Hi, what are you looking for?

သတင်း

မမိုးဆန်းစုကြည်အပါအဝင် လွတ်ပြီးမှ ထောင်ဘူးဝမှာ ပြန်အဖမ်းခံရသူ ၇၀ကျော်ရှိလာ

သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံကို စစ်တပ်က ထောင်ဘူးဝမှာတင် ပြန်လည်ဖမ်းဆီးသွားပြီး လွတ်ပြီးမှ အဖမ်းခံရသူ ၇၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ပါတယ်။

ပြန်လည်ဖမ်းဆီးခံရတဲ့ မမိုးဆန်းစုကြည်ကို တွေ့ရစဥ်။ ဓါတ်ပုံ-လူမှုကွန်ရက်

သြဂုတ်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံကို စစ်တပ်က ထောင်ဘူးဝမှာတင် ပြန်လည်ဖမ်းဆီးသွားပြီး လွတ်ပြီးမှ အဖမ်းခံရသူ ၇၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၇)ရက်နေ့က သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သူ မမိုးဆန်းစုကြည်ကို စစ်တ​ပ်က အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-ကနဲ့ ပြန်လည် ဖမ်းဆီးလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ရက်စေ့တဲ့အခါ ထောင်ဘူးဝမှာပဲပုဒ်မအမျိုးမျိုးတပ်ကာ ပြန်လည်ဖမ်းဆီး အမှုတပ်တာတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး မမိုးဆန်းစုကြည်အပါအဝင် ပြန်လည်ဖမ်းဆီးခံသူ (၇၄)ဦး ရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မမိုးဆန်းစုကြည်ဟာ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က နဲ့ ၁၇(၁)တို့နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် (၆)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၃ ခုနစ်၊ ဇွန်လ ၉ ရက်မှာ အင်းစိန်ထောင်ကနေ သာယာ၀တီအကျဥ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

၄နှစ်ကျော်ကြာ လွတ်ရက်စေ့လို့ လွတ်လာခဲ့ပေမဲ့ စစ်အုပ်စုက ထောင်ဘူးဝမှာပဲ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-က တပ်ကာ ပြန်လည် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ PPNMကအသိပေးပါတယ်။

“ရက်ပြည့်နဲ့ထောင်က လွတ်ရမှာပါ။ အဲဒါကို သာယာဝတီရဲစခန်းက ၅၂(က) နဲ့ အမှုထပ်ဖွင့်တယ်။”လို့ နီးစပ်တဲ့ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် မမိုးဆန်းစုကြည်ဟာ NLD ပါတီ၊ လူငယ်တာဝန်ခံဖြစ်သပြီး ဖခင်ဖြစ်သူ ဦးညီပု လိုပဲ ဒေါ်အောင်ဆန်းစုကြည်အားချစ်ခင်လေးစားသူဖြစ်ပါတယ် ။ ဦးညီပုဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLDပါတီကိုယ်စားပြု ရွေးကောက်ခံခဲ့ရ​ပေမယ့် စစ်အုပ်စုရဲ့ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်၁၀နှစ်ချမှတ်ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးသူဖြစ်တာ​ကြောင့် သမီးဖြစ်သူအမည်ကိုလည်း မိုးဆန်းစုကြည်လို့အမည်ပေးခဲ့ပါတယ် ။ဦးညီပုဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ဂွမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရရှိခဲ့ပြီး ​တော့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ် ။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး​တော့ ဦးညီပုဟာ ဖမ်းဆီးခံရပြနပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ နှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၁၃၀(က) ပုဒ်မ​တွေနဲ့ စစ်​ကောင်စီကတရားစွဲဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံထားရပါတယ်။

” မမိုးဆန်းစုကြည်က တည်ငြိမ်ပြီးရဲရင့်ပြတ်သားတဲ့အမျိုးသမီးဖြစ်တယ်။ စနစ်ကျတယ်။ သူက နိုင်ငံရေးဂုဏ်သိက္ခာရှိတယ်။ အမှုထပ်စွဲတာကတော့ စစ်အုပ်စုရဲ့အကြောက်တရားပဲ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဟာ လွတ်ရက်စေ့လို့ လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို အခုလို ထောင်ဘူးဝမှာ ပြန်ဖမ်းတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ PPNMရဲ့ တာဝန်ရှိသူကပြောပါတယ်။

“တကယ်ဆိုလို့ရှိရင် သူတိုအမှုတပ်ချင်တယ်၊ ပုဒ်မတပ်ချင်တယ်ဆိုလို့ရှိရင် တရားပြန်စွဲလို့ရတယ်။ ဒီကြားထဲကာလမှာလေ။ မမိုးဆန်းစုကြည်ဆိုရင် ၄ နှစ်နဲ့မှ ၃ လလောက်ကြာပြီ။ အကျဥ်းထောင်ထဲမှာ နေခဲ့ရတာက။ ဒီကြားထဲတွေမှာ သူတို့ အမှုတပ်ပြီးတော့ တရားစွဲလို့ရတာတွေရှိတယ်။ ဒါကို ဆက်တိုက် ဒီလိုပဲနေလာခဲ့တယ် မလုပ်ဘဲနဲ့။ လွတ်ရက်စေ့ပြီဆိုတော့ကျမှ ထောင်ဘူးဝမှာ ပြန်ဖမ်းတယ်ဆိုတာက စိတ်ကိုသတ်တာပဲပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ညှင်းပန်းနှိပ်စက်တဲ့သဘော ဖြစ်ပါတယ်။”လို့ PPNM ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏သမီး မမိုးဆန်းစုကြည် သည် ဩဂုတ် ၇ရက်က လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက အမှုထပ်တိုးကာ ထပ်မံဖမ်းဆီးလိုက်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၃,၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ ( Myanmar Prison Witness)က ဇူလိုင် ၈ရက်မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်မှာ အကျဉ်းထောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်မှုမြောက်တယ်လို့ တရားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူ နှစ်သောင်းကျော်အထိ ကျန်နေ