close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်မှာ စည်ပင်အမှိုက်ကားတစ်စီး ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စည်ပင်ပိုင်အမှိုက်သိမ်းကားတစ်စီး ပျောက်ဆုံးသွားကြောင်းမြို့ခံတွေကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ အမှိုက်ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

သြဂုတ်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စည်ပင်ပိုင်အမှိုက်သိမ်းကားတစ်စီး ပျောက်ဆုံးသွားကြောင်းမြို့ခံတွေကပြောပါတယ်။

မနေ့က (သြဂုတ် ၁၀)မနက်ပိုင်း ၁၀ နာရီခန့်ကမုံရွာမြို့ပေါ် အမှိုက်ပတ်သိမ်းနေတဲ့ စည်ပင်ပိုင် SKAT (အဖြူရောင်) ကားဟာ ကျောက္ကာလမ်းနဲ့ သာစည်လမ်းတဝိုက်မှာ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ကားပေါ်မှာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေပါ ပါသွားပြီး ဆက်သွယ်လို့မရတော့ဘူးလို့ သိရပါတယ်။

“မုံရွာမှာက ပြန်ပေးဆွဲတာတွေဖြစ်နေတာကြာပြီ။ အခုဟာက အမှိုက်သိမ်းကားကို ပြန်ပေးဆွဲတာလို့လည်း ပြောနေကြတာပဲ။”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမှိုက်ကားပျောက်တာ၂၄ နာရီကျော်သွားပေမယ့် အခုမနက်အထိ သတင်းမရသေးဘူးလို့သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မုံရွာစည်ပင်ကတော့ အမှိုက်ကားပျောက်ဆုံးသွားတာကိုဝန်ခံထားပြီး ရဲစခန်းတိုင်ထားတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ အမှိုက်ကားကို တွေ့ရှိခဲ့ရင်လည်း ဖုန်းဆက်အကြောင်းကြားပေးဖို့ ပြည်သူ​တွေကို ပြန်ပြီး အကူအညီတောင်း​နေပါတယ်။

မုံရွာမြို့ပေါ်မှာအာဏာသိမ်းပြီးကတည်းကဓါးပြမှု၊ ပြန်ပေးဆွဲမှု၊ ခိုးဆိုးလုယက်မှုတွေသောင်းကျန်းနေပြီး မြို့ခံတွေလုံခြုံရေးအတွက်စိုးရိမ်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် ဗောဓိတစ်ထောင် အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နှင့် မုံရွာ မုဒ်ဦးရှေ့ စသည့် နေရာတို့တွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များ ပူးပေါင်း၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြား မိုင်းရှင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ထိခိုက်မှုတွေရှိကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦး နဲ့ မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်က ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ပြည်သူလေးဦးဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဒီကနေ့ညအင်အားအသင့်တင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားလို့ မြို့ခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။