ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA)ခေါင်းဆောင်များ တွေ့ဆုံစဉ် တပ်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာများ အဓိက ဆွေးနွေးခဲ့ဟု ယောတပ်တော် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် ယောတပ်တော်တွေ့ဆုံသည့် မှတ်တမ်းကို ဩဂုတ် ၉ရက်တွင် ယောတပ်တော်က ထုတ်ပြန်ခဲ့ရာ ဆွေးနွေးပွဲ အခြေအနေများ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာ ယခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော် တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“ လက်ရှိတော်လှန်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာရယ်၊ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုအခင်းအကျင်းသစ်ကိုဘယ်လိုပြင်ဆင်တည်ဆောက်သွားကြမယ်ဆိုတဲ့အခြေအနေတွေကိုဆွေးနွေး အကြံဉာဏ်ရယူမှုတွေရယ်၊ လက်ရှိတပ်တည်ဆောက်မှုပိုင်းဆိုင်ရာတွေမှာ လိုအပ်တဲ့အကြံဉာဏ်အကူညီတွေရယူတာတွေရယ်၊ လက်ရှိယောဒေသ စစ်ရေး နိုင်ငံရေး အခြေအနေေတွ ကို တင်ပြဆွေးနွေး အကြံဉာဏ်ရယူတာရယ်ပေါ့ အကြမ်းကတော့ အဲ့လောက်ပါပဲဗျ” ဟု ယောတပ်တော် တာဝန်ရှိသူက ပြောသည်။
ယောတပ်တော်ကဲ့သို့ပင် ၎င်း၏ မဟာမိတ်များဖြစ်သော ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်များသည် ယခုနှစ် ဇူလိုင် တတိယပတ်တွင် KIO၏ ဖိတ်ခေါ်ချက်ဖြင့် KIO ဌာနချုပ် လိုင်ဇာသို့ သွားရောက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၊ ဒုတိယစစ်ဦးစီးချုပ် မရန်ဇော်တောင် တို့ အပါအဝင် KIO/KIA ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ KIOနှင့် တွေ့ဆုံရာတွင်လည်း တော်လှန်ရေးတွင် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
