ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်အရုံး(KNU) မြိတ် – ထားဝယ်ခရိုင်တွင် ခရိုင်ကရင်လူငယ်အစည်းအရုံး (KYO)က ဦးဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ကြောင်း အဆိုပါခရိုင်က သတင်းထုတ်ပြန်သည်။
အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ် ၉ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး KNU မှ တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့သည်။
“ဒါကတော့ရည်မှန်းချက်ရည်ရွယ်ချက်ကတော့ လူငယ်တွေ တော်လှန်ရေးအခန်းကဏ္ဍ မှာ ပိုမိုပူးပေါင်းပါဝင်လာဖို့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပိုမိုပူးပေါင်းပါဝင်လာဖို့ ကျနော်တို့လူငယ်တွေကို အဓိကကရင်လူငယ်တွေကိုမူးယစ်ဆေးဝါး သုံးတာ ပိုနည်းလာဖို့ အဓိက တိုင်ပင်ခဲ့တာ” ဟု KYO မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးစောအယ်ထီးကော် က ပြောသည်။

Public Service Announcement
ယင်းဆွေးနွေးပွဲသို့မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်များ၊ ခရိုင်အတွင်းဌာနဆိုင်ရာလူငယ်များ၊ ထီးမိုပွာကျေးရွာခေါင်းဆောင်များနှင့်လူငယ်ခေါင်းဆောင်များ၊ KNLA၊ KNDO တပ်ပိုင်းဆိုင်ရာလူငယ်များ စုစုပေါင်း(၁၄၉)ဦးတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။
နိုင်ငံရေး၊ တော်လှန်ရေး၌ ကရင်လူငယ်များပိုပါဝင်လာနိုင်ရေးအပြင် ကရင်လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန် နှင့် ကရင်လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုနည်းလာရန် အကြာင်းအရာ(၄)ခုဖြစ်ဆွေးနွေး အဖြေရှာခဲ့ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။
