သြဂုတ်-၁၉၊ ၂၀၂၅။ မေရီ/People’s Spring
မိတ္ထီလာကန်မှာ မိချောင်းပေါက်တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက် ညနေပိုင်းက မိတ္ထီလာမြို့၊ မိတ္တီလာတောင်ကန်ရဲ့ တံတားအောက်မှာ ငါးမျှားနေသူ အမျိုးသားတစ်ဦးဟာ မိချောင်းပေါက်တစ်ကောင်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း မြို့ခံအချို့က ပြောပါတယ်။
“အကောင်ပေါက်လေးပါ။ လက်တစ်တောင်လောက်ပဲရှိတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။မိချောင်းဟာ အဝါနဲ့အနက်ရောင်ဖြစ်ပြီး ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။မိချောင်းကို အထက်မြန်မာပြည်မှာ အတွေ့ရနည်းတာကြောင့် အခုလိုတွေ့ရှိတာကို မြို့ခံတွေ အံ့သြနေကြပါတယ်။ “ဝယ်ပြီးမှ မမွေးနိုင်တော့လို့ လာလွှတ်ထားတာလား၊ လွှတ်တာကကော တစ်ကောင်တည်းကော ဟုတ်ပါ့မလား ပြောနေကြတယ်။”လို့ မိတ္ထီလာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိ အဆိုပါမိချောင်းကို ဖမ်းဆီးရမိခဲ့သူက မှန်ကန်နဲ့မွေးမြူထားပြီး သက်ဆိုင်ရာကို လာကြည့်ပေးဖို့ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။
