ဩဂုတ်-၂၈၊၂၀၂၅။တေဇ/People’s Spring
၈၈မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် သုံးစွဲသူများ အသက်အန္တရာယ်ရှိနိုင်သည့် သတင်းအချက်အလက်များကို အာဏာသိမ်းစစ်ကောင်စီထံ ပေးပို့သည်ဟုဆိုကာ တယ်လီနောကုမ္ပဏီကို နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားကြောင်း Justice For Myanmarက ထုတ်ပြန်သည်။
“တယ်လီနောဟာ စစ်အုပ်စုကို အသက်အန္တရာယ်အထိကျရောက်နိုင်တဲ့ သုံးစွဲသူရဲ့ကွန်ရက်အချက်အလက်ဒေတာတွေ မျှဝေတာအပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်းကွန်ရက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းနိုင်အောင် မြန်မာစစ်အုပ်စုနဲ့ချိတ်ဆက်ပြီး တရားဝင်ကြားဖြတ် ကိရိယာတွေ တပ်ဆင်ခွင့်ပေးခဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ကို သေသေချာချာခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်”ဟု Justice For Myanmar မှပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ပြောသည်။
နော်ဝေနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဉ်းတွင် နော်ဝေကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများတွင် ကူညီခြင်းမပြုရန် သတ်မှတ်ထားသော်လည်း တယ်လီနော်ကုမ္ပဏီသည် စစ်ကောင်စီထံ သုံးစွဲသူများ၏ သတင်းအချက်အလက်များပေးပို့နေခြင်းသည် ယင်းစည်းမျဉ်းကို ချိုးဖောက်နေခြင်းဖြစ်သောကြောင့် တာဝန်ခံရမည်ဖြစ်ပြီး JFM နှင့် ICJ နော်ဝေတို့က နော်ဝေရဲတပ်ဖွဲ့ထံ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်ကတိုင်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
“တယ်လီနောဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ် ” ဟု မရတနာမောင်က ပြောသည်။
နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းက နော်ဝေကုမ္ပဏီ ဒါမှမဟုတ် နိုင်ငံသားတွေကို မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေမှာ ဘယ်လိုနည်းနဲ့မှ ကူညီနေတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။
ဒါကြောင့် စစ်အုပ်စုဆီ ဒီစက်ပစ္စည်းနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ရောက်နေတာက မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်းကို ထင်ထင်ရှားရှား ချိုးဖောက် နေတာဖြစ်ပြီး ဒါတွေကို မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ်။
တယ်လီနောဟာကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ် ” ဟု ထပ်မံပြောကြားခဲ့ပါသည်။
နော်ဝေရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားသည့် များပြားလှသော သက်သေအထောက်အထား များသည် ၎င်းတို့၏ တိုင်ကြားချက်ကို ပံ့ပိုးထောက်ပံ့ပေးထားပြီး တယ်လီနောထံမှ စာရွက်စာတမ်းများ၊ မြန်မာ့ဆက်သွယ်ရေးအာဏာပိုင်များနှင့် အပြန်အလှန်ပေးစာများ ပါဝင်သည်ဟု ဆိုသည်။
ICJ Norway ၏ ဘုတ်အဖွဲ့အကြီးအကဲ Terje Einarsen ကလည်း “နော်ဝေနဲ့ အခြား အနောက်နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေအပါအဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမြှင့်တင်ဖို့၊ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာကို တိုက်ဖျက်ဖို့ အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နယ်ပယ်အလိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်အသုံးပြုနေချိန်မှာ အခုတိုင်ကြားချက်က အများပြည်သူအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ မြန်မာဒဏ်ခတ်ပိတ်ဆို့မှုတွေကို တယ်လီနောအုပ်စု ချိုးဖောက်မှုရှိမရှိ စုံစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
နော်ဝေရုပ်သံလိုင်း NRKသည် မကြာသေးမီက မြန်မာနိုင်ငံတွင် တယ်လီနော၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် အကြောင်းအရာများကို NRK.no၊ Podcasts ၊ တီဗွီနှင့် ရေဒီယိုတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ခဲ့ပြီး အထူးသဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ကြိုးပမ်းမှုအပြီး စစ်အုပ်စုနှင့် အန္တရာယ်ကြီးသော ကွန်ရက် အချက်အလက်ဒေတာများ မျှဝေခဲ့ခြင်း ဆောင်းပါးများအပါအဝင် မြန်မာနိုင်ငံတွင် တယ်လီနော၏ အခန်းကဏ္ဍကို အကျယ်တဝင့် ထုတ်ပြန် ခဲ့သည်။
ယနေ့တွင် NRK သည် ကျွန်ုပ်တို့၏ တိုင်ကြားချက်နှင့် ပတ်သက်ပြီး သတင်းဆောင်းပါးနှင့် ရေဒီယိုအင်တာဗျူး တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်ဟု JFMက ဖော်ပြထားသည်။
တိုင်ကြားချက်တွင် တယ်လီနောသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရောက်ရှိသွားသည့် မြန်မာအစိုးရ စောင့်ကြည့် ထောက်လှမ်းရေးစင်တာနှင့် ဆက်နွှယ်သည့် ဒဏ်ခတ်ပိတ်ဆို့ထားသော စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်းတို့တွင် ပါဝင်ကူညီ ပေးခဲ့ပြီး ၂၀၂၂ မတ်လ ၂၅ ရက်တွင် ၎င်းတို့၏ မြန်မာနိုင်ငံလုပ်ငန်းအား ရောင်းချမှု၏ အစိတ်အပိုင်းအနေဖြင့် M1 Group ၏ ကုမ္ပဏီခွဲတစ်ခုထံစောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် ဟွာဝေး၏အကျိုးဆောင်မှုဖြင့် ဂျာမဏီကုမ္ပဏီ Utimaco GmbH ထံမှ ၂၀၁၇ နိုဝင်ဘာတွင် တရားဝင်ကြားဖြတ်စောင့်ကြည့်ဂိတ်ဝေး “Lawful Interception Gateway (‘LIG’)” ကို ဝယ်ယူခဲ့မှုအပါအဝင် အသေးစိတ် အချိန်ကာလဖော်ပြချက်များ ပါဝင်ပြီး ယင်းစက်ပစ္စည်းများကို ရိုဟင်ဂျာများအပေါ် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော “နယ်မြေရှင်းလင်းရေး” အပြီး များမကြာမီ ၂၀၁၈ ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ အချက်အလက်များပေးပို့ခြင်းသည်တယ်လီနောသည် မြန်မာနိုင်ငံဆိုင်ရာ စည်းမျဉ်း ကင်းလွတ်ခွင့်လိုင်စင်ရှိထားသောကြောင့် ဒဏ်ခတ်ချိုးဖောက်မှုများအတွက် ကာကွယ်မှု ဖြစ်နိုင်သော်လည်း Justice For Myanmar နှင့် ICJ Norway တို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းမှ ကင်းလွတ်ခွင့်အတွက် တယ်လီနောအုပ်စုထံ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ မည်သည့်လိုင်စင် ပေးအပ်ထားကြောင်း မသိရှိရကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ICJ Norwayအနေဖြင့် အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ တယ်လီနောထံ မေးမြန်းခဲ့သော်လည်း တယ်လီနောက အဆိုပါလိုင်စင်မျိုး ပေးအပ်ထားကြောင်း ဖော်ပြခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ICJ Norway နှင့် Justice For Myanmar တို့သည် အဆိုပါ တိုင်ကြားချက်နှင့် ပတ်သက်၍ နောက်ဆုံးရသတင်းများအရ ဝန်ကြီးဌာနမှ မည်သည့် လိုင်စင်သို့မဟုတ် ကင်းလွတ်ခွင့် မရှိခြင်း သို့မဟုတ် ပေးအပ်ထားခြင်းမရှိဟု ယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေသည်ဟုဆိုသည်။
တယ်လီနောအနေဖြင့် နော်ဝေ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ခဲ့ပါက တရားရုံးရှေ့မှောက်တွင် တာဝန်ခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
