close
Connect with us

Hi, what are you looking for?

သတင်း

မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ် လက်နက်နှင့်အတူ ဓဝယ်တပ်ထံ အလင်းဝင်လာ

ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။

ဒုရဲအုပ် သန်းနိုင်ထွန်းအလင်းဝင်လာပြီး လက်နက်အပ်နှံနေစဉ်။ ဓာတ်ပုံ − ဒူရက စစ်ကြောင်း

ဩဂုတ်−၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။

ဒုရဲအုပ် သန်းနိုင်ထွန်းသည် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းလိုတော့၍ ဩဂုတ် ၂၉ရက်တွင် DNLA ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ အလင်းဝင်လာသူသည် G3 ၁လက်၊ ကျည်ဘောက် ၂ခု၊ ကျည် ၂၀၀ ကျော် ယူဆောင်လာရာ ၎င်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ဂုဏ်ပြုပေးခဲ့သည်ဟု အသိပေးသည်။

ယခု အလင်းဝင်လာသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး DNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်းဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“၂ယောက်ကတော့ လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တာပါ။ သူတို့အားလုံးကို ဆုကြေးငွေ အသီးသီးပေးအပ်ခဲ့ပြီး သူတို့ သွားလိုတဲ့ လွတ်မြောက်နေရာတွေကို ပို့ပေးခဲ့ပါတယ်။” ဟု ဒူရက စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးနှင့် စစ်ရေး အရှိန်မြှင့်လာသည်နှင့်အမျှ ပြည်သူ့ဘက် အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပါဝင်ပေးကြရန်လည်း ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

သတင်း

ထားဝယ်မြို့ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စစ်ကြောင်းကို​တော်လှန်​ရေးတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ ယာဥ် ၁၀ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် DNLA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ - P23702 သို့ စစ်ကောင်စီရဲ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းစစ်သားသစ်ရှစ်ဦး လက်နက်မဲ့အလင်းဝင်လာတယ်လို့သြဂုတ် ၁၂ရက်မှာထုတ်ပြန်ပါတယ်။

Facebook