close
Connect with us

Hi, what are you looking for?

သတင်း

ပြည်ထောင်စုမှာ ဒေသတစ်ခုတည်းကွက်လွတ်မြောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒေါက်တာတေဇာစန်းပြော

ပြည်ထောင်စုမှာ တစ်နိုင်ငံလုံး၊ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုလုံး မလွတ်မြောက်ဘဲ ဒေသတစ်ခုတည်း ကွက်လွတ်မြောက်တယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ခဏတာ ကွက်လွတ်မြောက်တယ်ဆိုရင်လည်း ယာယီသဘောမျှသာ ဖြစ်လိမ့်မယ်လို့ မန္တလေးဒေသ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။

စက်တင်ဘာ-၂၊ ၂၀၂၅။ People’s Spring

ပြည်ထောင်စုမှာ တစ်နိုင်ငံလုံး၊ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုလုံး မလွတ်မြောက်ဘဲ ဒေသတစ်ခုတည်း ကွက်လွတ်မြောက်တယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ခဏတာ ကွက်လွတ်မြောက်တယ်ဆိုရင်လည်း ယာယီသဘောမျှသာ ဖြစ်လိမ့်မယ်လို့ မန္တလေးဒေသ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။

စက်တင်ဘာ ၂ရက် ဒီနေ့ပြုလုပ်တဲ့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြံ(ပထမအကြိမ်)အစည်းအဝေးမှာ ဒေါက်တာတေဇာစန်းက ပြောကြားခဲ့တာဖြစ်ပြီး လူမျိုးပေါင်းစုံ၊ ပြည်သူအားလုံး မလွတ်မြောက်ဘဲ လူမျိုးတစ်ခုတည်း ကွက်လွတ်မြောက်တယ်ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒီနေ့ အစည်းအဝေးမှာ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းကို ပဏာမအဆင့်အနေနဲ့ အတည်ပြုနိုင်ရေးအတွက်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တော်လှန်ရေးအင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော့်အနေနဲ့ ဒီနေ့ အခမ်းအနားဖြစ်မြောက်လာမှုအပေါ်မှာ ဝမ်းသာလှိုက်လှဲစွာကြိုဆိုကြောင်း ပဏာမဦးစွာ ပြောကြားချင်ပါတယ်။ ဒီနေ့အခမ်းအနားဟာ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီက ပြင်ဆင်ရေးဆွဲထားတဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းကို ပဏာမအဆင့်အနေနဲ့ အတည်ပြုနိုင်ရေးအတွက် လူထုပါဝင်မှု၊ လူထုကိုယ်စားပြု ခိုင်မာအားကောင်းအောင် ရည်ရွယ်တဲ့စုစည်းတဲ့ အစည်းအဝေးလို့ ယူဆပါတယ်”လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းကို လွန်ခဲ့တဲ့ ၂နှစ်ကတည်းက စတင်ရေးဆွဲဖို့ ကြိုးပမ်းခဲ့ပြီး သက်ဆိုင်တဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အင်အားစု အသီးသီးနဲ့ အချိန်ယူ၊ စုစုစည်းစည်း ညီညီညွတ်ညွတ် အကောင်အထည်ဖော်ခဲ့ကြတာဖြစ်တယ်လို့ မူကြမ်းရေးဆွဲရေးကော်မတီဝင်လည်းဖြစ်သူ ဒေါက်တာတေဇာစန်းက ပြောပါတယ်။

အဲဒီလုပ်ငန်းစဥ်ဟာ မန္တလေးဒေသအတွက် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းစဥ်အဖြစ် ခံယူကြောင်းနဲ့ လက်ရှိတော်လှန်ရေးကို ဆင်နွှဲနေကြတာဟာ ဖက်ဒရယ်စနစ်ကို မျှော်ရည်တည်ဆောက်ချင်လို့ဖြစ်တယ်လို့ ဒေါက်တာတေဇာစန်းက ရှင်းပြပါတယ်။

“ဒီတော်လှန်ရေးကို ဆင်နွှဲနေကြတာက ဖက်ဒရယ်စနစ်ကို မျှော်ရည်တည်ဆောက်ချင်လို့ ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်လို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အာဏာရှင်စနစ်ကို ဖြိုချချင်လို့ ဖြစ်ပါတယ်။ ဗိုလ်ကျကြီးစိုးတဲ့ ဗဟိုကနေ ချုပ်ကိုင်ချင်တဲ့ မူဝါဒတွေ၊ စနစ်အလွဲအမှားတွေကို ဖြိုချချင်လို့ ဖြစ်ပါတယ်။ တဖက်က အာဏာရှင်တွေကို ဖြိုချတယ်။ တဖက်က ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို တည်ဆောက်ဖို့ရာအတွက် ကျွန်တော်တို့ မျှော်ရည်ပြီး ဒီတော်လှန်ရေးကို ဆင်နွှဲနေကြခြင်းဖြစ်ပါတယ်။ ဒီကနေ့ မန္တလေးရဲ့ ကြားကာလနိုင်ငံရေးအစီအမံဆိုတာ ဘာလဲ ၊ ဒါပါပဲခင်ဗျ” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို ဖြိုချနေတဲ့ တော်လှန်ရေး၊ အဲဒီတော်လှန်ရေးကို နည်းလမ်းမျိုးစုံနဲ့ ဆင်နွှဲနေချိန်မှာ တဖက်ကလည်း တော်လှန်ရေးကာလထဲမှာပဲ ဖက်ဒရယ်အရွေ့တစ်ခုဖြစ်အောင်၊ ဒီမိုကရေစီအရွေ့တစ်ခုဖြစ်အောင် မန္တလေးနဲ့ကိုက်ညီတဲ့ ကြားကာလနိုင်ငံရေးအစီအမံဆိုတာ စဥ်းစားလုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဒေါက်တာတေဇာစန်းက ရှင်းပြပါတယ်။

“ဒီလုပ်ငန်းစဥ်အရ ပေါ်ပေါက်ရရှိလာတဲ့အစီအမံ မူကြမ်းပေါ့ခင်ဗျာ၊ ဒီမူကြမ်းကိုလည်း ကျွန်တော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လက်ရှိတော်လှန်ရေးကာလနဲ့ အကိုက်ညီဆုံးဖြစ်အောင်၊ ပြည်ထောင်စုနဲ့လည်း မသွေဖည်အောင်၊ မန္တလေးဒေသအတွက်နဲ့လည်း ကိုက်ညီအောင် တတ်နိုင်သမျှ ကြိုးစားဖော်ထုတ်ထားတာ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

NUG ယာယီသမ္မဒူဝါလရှီးလက မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းမွန်တဲ့ ကိစ္စ၊ မှန်ကန်တဲ့ ကိစ္စဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလည်း ဖြစ်တာကြောင့် အထူးလှိုက်လှဲစွာကြိုဆိုတယ်လို့ ပြောပါတယ်။

မန္တလေးဒေသ အင်အားစုတွေအနေနဲ့လည်း တော်လှန်ရေးလုပ်ဆောင်ချက်တွေကို လူထုနည်းအားဖြင့် တရားဝင်မှုကျယ်သထက်ကျယ်အောင်၊ ခိုင်မာသထက်ခိုင်မာအောင် လုပ်ဆောင်နေတယ်လို့ ယုံကြည်ကြောင်းနဲ့ အခု ကြားကာလအစီအမံတွေကို စတင်ပြင်ဆင်နေကတည်းက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူကို အစီရင်ခံတင်ပြတဲ့ အလေ့အကျင့်ကောင်းတွေ ရှိထားပြီးဖြစ်တယ်ဆိုတာ အသေအချာပဲ မြင်တွေ့ရတယ်လို့ NUG ယာယီသမ္မတက ချီးကျူးပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီတိုင်းပြည်မှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စု အဆက်ဆက်က ပြည်တွင်းမှာကော နိုင်ငံတကာကိုပါ နှစ်ပေါင်းများစွာ ဖြန့်ခဲ့တဲ့ ဝါဒမှိုင်းကြီးတခု၊ ထိုးဇာတ်ကြီးတခု ရှိတယ်။

သတင်း

ယနေ့ ဧပြီ ၁၀ရက်ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်မှု (၁၄)နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ယာယီသမ္မတက ၎င်း၏ လက်ရေးမူဖြင့် စာရေးပြောကြားလိုက်ခြင်းဖြစ်သည်။

သတင်း

၁၉၄၉ မှစ၍ တပေါင်းလပြည့်နေ့တွင် ပအိုဝ်းလူမျိုးများ ကျင်းပလေ့ရှိသည့် ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့)သည် (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ဖြစ်သည်။

သတင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက တောင်ကိုရီးယား၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို ကောင်းစွာသိရှိပြီး စံနမူနာယူကာ အတုယူလေ့လာမိကြောင်း ပြောသည်။

Facebook