close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်တွင်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာသည့်စစ်သား ၄ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ (၄)နယ်မြေတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော စစ်သား ၄ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ထွက်ပြေးလာသည့် စစ်သား ၄ဦးကို လက်နက်များနှင့်အတူ KNLAဖမ်းမိထားစဉ်။ ဓာတ်ပုံ − KNU - Mergui-Tavoy District

စက်တင်ဘာ− ၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ (၄)နယ်မြေတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော စစ်သား ၄ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ၂ ရက်မနက်ပိုင်းတွင်စစ်ကောင်စီ၏ခလရ (၂၈၂) တပ်ရင်းမှ တပ်သား ၄ဦးကို ထားဝယ်မြို့နယ် ၀ကုန်းရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ(၄)မှ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲထဲမှာ ဖမ်းဆီးလို့ရတာ။ သူတို့ အလင်းဝင်တာမဟုတ်ဘူး။ သူတို့ ထွက်ပြေးပြီးတော့ တိုက်ပွဲထဲမှာဖမ်းမိတဲ့ လေးဦးပေါ့နော်”ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သားများထံမှ MA1-(၄) လက်၊ ကျည်ဆံ တစ်ထောင်ကျော် သိမ်းရခဲ့ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများအားKNLA ၏စည်းမျဉ်းစည်းကမ်းနှင့် စစ်မြေ ပြင်စည်းမျဉ်းစည်းကမ်းနှင့်အညီကောင်းမွန်စွာထိန်းသိမ်းပြုစုစောင့် ရှောက်ထားဟု အသိပေးသည်။

“များများထွက်ပြေး လာပြီးပူးပေါင်း။ အဲဒါမှ စစ်အာဏာရှင်လက်က လွတ်မြောက်မှာ” ဟုလည်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီတပ်တွင်း ကျန်နေသည့် စစ်သားများကို တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း လူငယ်များကို နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးပြုလျက်ရှိရာ ရှေ့တန်းတွင် စစ်မှုထမ်း တပ်သားသစ်များ သေဆုံးထိခိုက်ခြင်း၊ စစ်တပ်မှ ထွက်ပြေး ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ခြင်းဖြစ်စဉ်များ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေမှုများ လတ်တလောပြန်ငြိမ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

သတင်း

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားမြစ်ပိတ်ပင်ခြင်းနှင့်ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကတိကဝတ်ပြုလွှာအားထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံးသို့ ညွှန်ကြားချက်ကို ကရင်အမျိုးသားအစည်း အရုံး(KNU) ဗဟိုက ယနေ့ စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမှာ သူခိုးက လူပြန်ဟစ်သည့် လုပ်ရပ်ဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

Facebook