close
Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကို အဆုံးစီရင်

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ၏ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကိုသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စက်တင်ဘာ-၃၊၂၀၂၅။ဇော်ဝင်း/People’sSpring

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ၏ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကိုသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(စက်တင်ဘာ ၃ရက်)က ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ကူးတံတားတွင်လုံခြုံရေးကျနေစဉ်ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပစ်သတ် အဆုံးစီရင်ခဲ့ခြင်းဟု စုံစမ်းသိရသည်။

မြတ်ကိုကိုသည် လေတပ်မှ ဗိုလ်အဆင့်ရှိသူဖြစ်ပြီး ယမန်နေ့(စက်တင်ဘာ၂ရက်)ညပိုင်းက လေတပ်အရာရှိသည် မြတ်ကိုကို နေထိုင်ရာသို့ရောက်လာပြီး ဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆုံးမစီရင်မီက စစ်ကောင်စီလက်အောက်တွင် အလုပ်ဆက်မလုပ်လို​တော့​ကြောင်း၊ ဖိအားများကြောင်းနှင့် CDM လည်းမလုပ်နိုင်ကြောင်း မြတ်ကိုကိုက ပြောဆိုခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ကြားတာတော့ ကြားတယ်။ကျွန်တော်တို့ဘက်က အသေးစိတ်အတည်ပြုနေဆဲပဲ”ဟုဟုမ္မလင်း အခြေစိုက်ရဲဘော်တဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်ကလည်း “စကစရဲ့ခြေလျှင် ၊ခြေမြန်တပ်များရှိ အရာရှိ စစ်သည်များလည်း အဆုံးစီးရင်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများ၊ လူမသိသူမသိ များပြားစွာ ရှိနေပါတယ်”ဟု ပြောသည်။

သြဂုတ်ကလည်း ခင်ဦးမြို့နယ်တွင် တပ်သားအောင်ဖြိုးကိုက ဗိုလ်ကြီးကျော်သူလှိုင်အား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် တပ်သား အောင်ဖြိုးကိုလည်း ပြန်အသတ်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကောလင်းမြို့နယ်တွင်လည်း တပ်ကြပ်ကြီး အပါအဝင် လေးဦးကို တပ်သားတဦးကသတ်ဖြတ်ပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ထားသည့် ဖြစ်စဥ်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၂)မှာ "ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်" ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးပဲ ဆန့်ကျင်ကြဖို့ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်းအရပ်သားနေထိုင်ရာကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ၂ရက် ညပိုင်း၌ ဗုံးများကြဲချတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၁)မှာ လှုံ့ဆော်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook