close
Connect with us

Hi, what are you looking for?

သတင်း

အောင်​ဇေယျစစ်​ကြောင်း စစ်ကျွံလာလို့​ အထိနာပြီးပြန်ဆုတ်

ကရင်ပြည်နယ်၊ အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ တိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

​အောင်​ဇေယျစစ်​ကြောင်းကို တိုက်ခိုက်​နေတဲ့​တော်လှန်​ရေးတပ်ဖွဲ့ဝင်ကို ၂၀၂၄ ခုနှစ်က​တွေ့ရ စဥ်။ဓါတ်ပုံ-Cobra Column

စက်တင်ဘာ−၃၊၂၀၂၅။ခွန်ဖ/People’s Spring

ကရင်ပြည်နယ်၊ အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ တိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ၂ရက်ကတည်းက ထီးမူထရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်းက စစ်သာတွေ ကျွံလာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ကျွံလာတာ။ မနေ့ ထီးမူထရွာနားမှာ ထိတွေ့မှုဖြစ်တယ်။နောက်ပြန်ဆုတ်သွားရတယ်။အဲ့လိုလာအောင်စောင့်နေရတာဘယ်လောက်တောင်ကြာနေပြီလဲ။ခုလာတော့တီးယုံပေါ့”လို့၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့(စက်တင်ဘာ၃ရက်)မှာလည်း မနက်တည်းက တိုက်ပွဲတွေဖြစ်နေတာလို့ ၎င်းကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကတော့ ဒီကနေ့မှာ KNU/KNLAရဲ့ စခန်းနေရာ ၃ ခုကို သိမ်းပိုက်ရယူပြီး ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ပစ်ကျင်း/ဘန်ကာ၊ လူနေတဲတွေ သိမ်းပိုက်ရရှိခဲ့ပြီး အာရှလမ်းဘက်မှာလည်း အောင်မြင်မှုများစွာရရှိနေတယ်လို့ ဝါဒဖြန့်နေပါတယ်။ ဒါ​ပေမယ့်သတင်းဓါတ်ပုံတစ်ပုံမှ​ဖော်ပြမထားပါဘူး ။ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကတော့ ဒေသတခုမှာ စစ်တပ်အထိနာနေရင် အောင်ပွဲရနေတယ်ဆိုပြီး လိမ်လည်ဝါဒဖြန့်လေ့ရှိပါတယ်။

အာရှလမ်းပိုင်းမှာ ပိတ်မိနေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ်တွေဟာ စက်တင်ဘာ၁ရက်နဲ့ စက်တင်ဘာ၂ရက် နံနက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

သြဂုတ် ၃၁ရက်ကလည်း မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်းမှာ ထောက်ပို့ အတွက် အဓိကကျတဲ့ ကော့နွဲ့တံတား ပြင်ဆင်နေချိန်မှာ တော်

လှန်ရေးတပ်တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ရက်လောက်က တိုက်ပွဲမှာလည်း တော်လှန်ရေးတပ်တွေက အောင်ဇေယျရဲ့ ကုန်းတကုန်းကို သိမ်းရထားပါတယ်။ဒါ့အပြင် စစ်သားအလောင်းငါးလောင်းနဲ့လက်နက်ငါးလက်လည်း တော်လှန်ရေးတပ်တွေက ရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ ဧပြီလက ​မော်လမြိုင်က​နေ မြဝတီကို လေးရက်နဲ့ အရောက်ချီတက်မယ်ဆိုပြီးရက်ပေါင်း ၅၀၀ ​လောက်ကြာတဲ့အထိ ဒေါနတောင်ပေါ်မှာ ပိတ်မိနေတဲ့ စစ်အုပ်စုရဲ့အောင်ဇေယျစစ်ကြောင်းဟာ သြဂုတ်လအ​ရောက်မှာ ရက်ပေါင်း(၉၀)အ

တွင်း မြဝတီရောက်အောင်သွားပြီး ဆုံးရှုံးထားတဲ့စခန်းတွေ ၊နယ်မြေတွေပြန်သိမ်းမယ်ဆိုပြီး စစ်​ကြောင်းထိုးဖို့ကြိုးစား​နေတာပါ။

ကော့ကရိတ်မြို့အကျော်က တတန်းကူးကျေးရွာနားမှာ ပိတ်မိနေတဲ့ အောင်ဇေယျအဖွဲ့ဟာ မိုင်(၂၀)လောက်ပဲ ကွာဝေးတော့တဲ့ နယ်စပ်မြို့ မြဝတီကို ရက်(၉၀)နဲ့ အရောက်ချီတက်မယ်ဆိုပြီး စစ်​ကြောင်းထိုးဖို့ကြိုးစား​ပေမယ့်တော်လှန်​ရေးအဖွဲ့​တွေရဲ့ ပိတ်ဆိုဖြတ်​တောက် တိုက်ခိုက်မှု​တွေ​ကြောင့် တစ်လ​လောက်ကြာလာ​ပေမယ့် ​ရှေ့မတိုးနိုင်ကြပါဘူး။

KNLAနဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်စပြီး အောင်ဇေယျစစ်ကြောင်းရဲ့ အလယ်ကနေဖြတ်တောက်ပြီး ပိတ်ဆို့ထားလိုက်

ပါတယ်။ အဲလိုဖြတ်တောက် ပိတ်ဆို့မှုကြောင့် ဒေါနတောင်ပေါ် တောနောရေတံခွန်နားက အောင်ဇေယျအဖွဲ့ဟာ ပိတ်ဆို့ဖြတ်တောက်ခံရတာကြောင့် အစာရေစာငတ်ပြတ်တဲ့အထိဖြစ်ကာ အလင်းဝင်လာသူတွေ အများအပြားရှိခဲ့ပါတယ်။

၂၀၂၄ မတ်လနဲ့ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက မြဝတီမြို့နားက သင်္ဃန်းညီနောင်ဗျူဟာနဲ့ တပ်ရင်းတွေ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်မယ်လို့ဆိုကာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”လို့ အမည်ပေးပြီး တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစလို့ မော်လမြိုင်က ချီတက်လာခဲ့တာပါ။

လေးရက်နဲ့ မြဝတီမြို့ကို အရောက်ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တနှစ်ခွဲနီးပါးကြာတဲ့အထိ ဒေါနတောင်ပေါ်တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီက အောင်ဇေယျ စစ်ကြောင်းကို စစ်သားအင်အား ထောင်ချီထပ်မံအားဖြည့်ပြီး တော့ ရက် ၉၀ အတွင်း မြဝတီမြို့ကို အရောက်သွားမယ်ဆိုကာ စစ်ကြောင်းတွေထိုးပြန်ထိုးလာတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ်။

သတင်း

စစ်ကောင်စီရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလင်းဝင်လာတဲ့စစ်သားတွေထဲက ပြန်လည်တိုက်ခိုက်မယ့် တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းကဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ်(၃၂)ရဲ့ အောင်ဇေယျအပါတ်စဥ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။

သတင်း

လက်ဖက်ရည်ဆိုင်လုပ်သားနှင့် တောင်သူဖြစ်ပြီး အရပ်သားဘ၀ဖြင့်နေလို၍ အလင်းဝင်လာဟုဆို

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook