close
Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ စစ်တပ်ကဝင်ဖမ်းရာ ၄ ဦးပါသွား

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စစ်မှုထမ်း အပတ်စဥ် ၁၆ သင်တန်းတက်နေရတဲ့ လူငယ်များကို တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

စက်တင်ဘာ-၃၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် ညနေပိုင်းကရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ အင်းကုန်းကျေးရွာမှ ဆန်စက်အတွင်းသို့ စစ်ကောင်စီတပ်ရောက်လာပြီး စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ ဆန်စက်ပိုင်ရှင်ရဲ့သားတစ်ဦး၊ ကုက္ကိုခါးလှရွာနဲ့ ကန်ပတ်လည်ရွာတို့မှ အလုပ်လာလုပ်တဲ့ လူငယ်အလုပ်သမား ၃ ဦး စုစုပေါင်း ၄ ဦး ဖမ်းဆီးခံလိုက်ရကြောင်း Voice of Wundwin အဖွဲ့က ပြောပါတယ်။

အလားတူ စက်တင်ဘာ ၂ ရက်ညကနေကပဲ ပင်းတလဲ-မိတ္ထီလာလမ်းဘေးရှိတောင်ဆည်ရွာမှ နွားကျောင်းသား နှစ်ဦး ဖမ်းဆီးခံရကြောင်း၊ ဒါ့အပြင် ခံဘဲ့ဆေးရုံက မီးဖွားလူနာစောင့်အမျိုးသား တစ်ဦးလည်း အပြင်ဆေးထွက်ဝယ်ချိန် ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဝမ်းတွင်းကတော်တော်ဆိုးနေတယ်။ ယောကျာ်းသားတွေမှန်သမျှအပြင်မထွက်ရဲတော့ဘူး။”လို့ ဝမ်းတွင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလည်း ပင်းတလဲစခန်းမှ ရဲနဲ့စစ်သားတွေဟာ လိုက်ထရက်ကားနဲ့ ထွက်သွားလို့ ပြည်သူတွေသတိပြုနေထိုင်ကြဖို့ Voice Of Wundwin အဖွဲ့က သတိပေးထားပါတယ်။

ဝမ်းတွင်းမြို့နယ်ဟာ မန္တလေးတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေ အများဆုံးဖမ်းဆီးခံရတဲ့ မြို့နယ်တွေထဲ ပါဝင်နေပါတယ်။ စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းစေခဲ့ရာမှာ အခုအခါ အပတ်စဥ် ၁၇ ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ ခုနှစ် သြဂုတ်လမှာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ မောင်ဇင်ကိုကိုဟာ ဒီနှစ်ဆန်းမှာ ကံဆိုးမိုးမှောင် ကျခဲ့တာပါ။ ဧရာဝတီတိုင်းထဲက မြို့ငယ်လေးတမြို့မှာနေတဲ့ မောင်ဇင်ကိုကိုဟာ ၆ တန်းပဲ ရှိပါသေးတယ်။

သတင်း

ကရင်နီပြည်နယ်၊ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား သစ်အလောင်းတွေ တွေ့ရှိနေတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အသက်(၁၈)နှစ် မပြည့်သေး သော ကလေးသူငယ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးသို့ ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်းမရှိစေရန်အတွက် ကွပ်ကဲမှုအဆင့်ဆင့်သို့ ညွှန်ကြားထားရာ ညွှန်ကြားချက်ကို လိုက်နာရန် ယနေ့ ဩဂုတ် ၂၉ရက်တွင် ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် တပ်သားသစ်စုဆောင်း ဖို့ လူငယ်တွေကို ဖိအားပေး မဲနှိုက်ခိုင်းတာတွေ အခုရက်ပိုင်းမှာ ရှိလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

Facebook